
မက္ကဆီကို မူးယစ်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အမေရိကန်အကျဉ်းထောင်ကို လွှဲပြောင်းရာမှာ အသုံးပြုခဲ့တဲ့ လေယာဉ်တစင်းကို နယူးမက္ကဆီကိုပြည်နယ်ရှိ War Eagles လေကြောင်းပြတိုက်မှာ ပြသထားပါတယ်။
Beechcraft King Air အမျိုးအစား လေယာဉ်ဟာ နာမည်ကျော် မူးယစ်ရာဇာ "အယ်လ်ချာပို" ရဲ့ သားဖြစ်သူ ဟွာကင်ဂုဇ်မန်လိုပက်ဇ်နဲ့ ဆီနာလိုအာ ကာတယ်လ် မူးယစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်း အစ္စမဲလ် အယ်လ်မာယို ဇမ်ဘာဒါတို့ကို သယ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဖယ်ဒရယ်ထောက်လှမ်းရေးဗျူရို FBI ကနေ ခဏငှားရမ်းပြသထားတဲ့ ဒီလေယာဉ်ရဲ့ အတွင်းခန်းထဲမှာ ခရီးသည်တွေစားဖို့ ထားထားတဲ့ မုန့်တွေအပြင် သက်သေခံပစ္စည်းထည့်တဲ့ အိတ်တအိတ်ကိုပါ လာရောက်လည်ပတ်သူတွေ မြင်တွေ့ရပါတယ်။
မူးယစ်ရာဇာ ဂုဇ်မန် လိုပက်ဇ်နဲ့ ဇမ်ဘာဒါ ၂ ယောက်စလုံးဟာ အမေရိကန်တရားရုံးမှာ မူးယစ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ စွဲချက်တွေကို ပြစ်မှုထင်ရှားကြောင်း ဝန်ခံထားပြီး ဖြစ်ပါတယ်။
Source: Reuters










