DVB Logo
Home
မြန်မာသတင်း
လုပ်ခတိုးတောင်းသည့် COSTEC အလုပ်သမားများ သဘောတူညီချက်ရပြီး လုပ်ငန်းခွင်ပြန်ဝင်
DVB
·
January 10, 2026
လုပ်ခတိုးတောင်းသည့် COSTEC အလုပ်သမားများ သဘောတူညီချက်ရပြီး လုပ်ငန်းခွင်ပြန်ဝင်
Donate to DVB

COSTEC အထည်ချုပ်စက်ရုံမှ အလုပ်သမားတွေရဲ့ လုပ်ခ တိုးမြှင့်ပေးဖို့ တောင်းဆိုမူနဲ့ ပတ်သက်လို့ နှစ်ဘက် သဘောတူညီချက် ရခဲ့တဲ့အတွက် ဇန်နဝါရီ ၁၀ ရက်မှာ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ညှိနှိုင်းရေး ကော်မတီရုံးမှာ ဇန်နဝါရီ ၉ ရက် ညနေက စက်ရုံ တာဝန်ရှိသူတွေ၊ အလုပ်သမားရုံး တာဝန်ရှိသူတွေနဲ့ စက်ရုံအလုပ်သမားတွေ ညှိနှိုင်းဆွေးနွေးပြီး ကနဦး သဘောတူညီချက် ရခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၁၀ ရက် မနက်မှာ စက်ရုံ အလုပ်သမားတွေကို ချပြခဲ့ရာ အားလုံးက သဘောတူ လက်ခံတဲ့အတွက် လုပ်ငန်းခွင်ပြန်ဝင်ခဲ့ကြတာလို့ STUM က အသိပေး ထုတ်ပြန်ထားပါတယ်။

စက်ရုံ အလုပ်သမားတယောက်က “ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးတာကို အားလုံးက သဘောတူလို့ အလုပ်ပြန်လုပ်ကြတာ။ ပြေပြေလည်လည် ဖြစ်သွားတော့ နှစ်ဖက်လုံးအတွက် ကောင်းတယ်လေ” လို့ ပြောပါတယ်။

ရွှေပြည်သာ စက်မူဇုန် အပိုင်း ၃ မှာ ဖွင့်ထားတာတဲ့ COSTEC အထည်ချုပ်စက်ရုံကို အလုပ်သမား ၁၀၀၀ နီးပါးနဲ့ လည်ပတ်နေကာ ပိုင်ရှင်အသစ် ပြောင်းပြီးနောက်မှာ JOC နာမည်နဲ့ ဆက်လည်ပတ် နေတာလို့ သိရပါတယ်။

အဲဒီလို ပိုင်ရှင်အသစ် ပြောင်းပြီးနောက်ပိုင်း အလုပ်သမားတွေရဲ့ လုပ်ခလျှော့ချခံရလို့ ဒီဇင်ဘာ ၂၉ ရက်ကစပြီး လုပ်ငန်းခွင်ထဲမှာ သပိတ်မှောက် တောင်းဆိုခဲ့ကြတာပါ။

အလုပ်သမားတွေရဲ့ တောင်းဆိုမူကို စက်ရုံဘက်က အစပိုင်းမှာ လက်မခံပေမဲ့ နောက်ဆုံးမှာ ဒေးကြေး ၇,၈၀၀ ကျပ်အပြင် နောက်တိုး ၅၀၀ ကျပ်၊ ရက်မှန်ကြေး ၃၀,၀၀၀ ကျပ်အပြင် ထပ်ပြီး ၁၀,၀၀၀ ကျပ် တိုးမြှင်ပေးဖို့ သဘောတူညီခဲ့တာလို့ STUM က ထုတ်ပြန်ထားပါတယ်။

အဲဒီစက်ရုံမှာ အရင်က COSTEC နာမည်နဲ့လည်ပတ်ခဲ့ချိန်မှာ ZARA အမှတ်တံဆိပ် အထည်တွေ ကို ချုပ်လုပ်ခဲ့တာဖြစ်ပြီး JOC အထည်ချုပ်အမည် ပြောင်းပြီးနောက် LC Wakiki၊ X Shelter၊ Zero Stage နဲ့ Colopuca စတဲ့ အမှတ်တံဆိပ် အထည်တွေ ကို ပြောင်းလဲ ချုပ်လုပ် နေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013