
၂၀၂၆ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး တိုးတက်မှု ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ အလားအလာကို ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လက်ထောက်အတွင်းရေးမှူး နာဗစ်ဟာနစ်က အစီရင်ခံစာကို ဖတ်ပြခဲ့တာပါ။
ကုလသမဂ္ဂရဲ့ ဖော်ပြချက်ထဲမှာ ကမ္ဘာ့စီးပွားရေးဟာ ၂၀၂၆ ခုနှစ်မှာ ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ၂၀၂၇ ခုနှစ်မှာ ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်မှုမတိုင်မီ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ၂ ဒသမ ၈ ရာခိုင်နှုန်း ထက် နည်းမှာလည်း ဖြစ်ပါတယ်။
အဲ့ဒီအစီရင်ခံစာအရ အမေရိကန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်က စီးပွားရေးတိုးတက်မှု ၁ ဒသမ ၉ ရာခိုင်နှုန်း သာ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ၂ ဒသမ ၈ ရာခိုင်နှုန်း နဲ့ ယှဉ်ရင် တိုးတက်မှုနှုန်း နှေးတယ်လို့ ဆိုပါတယ်။
အမေရိကန်စီးပွားရေးဟာ ၂၀၂၆ ခုနှစ်မှာ ၂ ရာခိုင်နှုန်း နဲ့ ၂၀၂၇ ခုနှစ်မှာ ၂ ဒသမ ၂ ရာခိုင်နှုန်းတို့ တိုးတက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုက ၂၀၂၆ ခုနှစ်မှာ ၂ ရာခိုင်နှုန်း အထက်မှာ ရှိမယ်လို့လည်း ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံကတော့ ၂၀၂၆ ခုနှစ်မှာ စီးပွားရေးတိုးတက်မှု ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိမယ်လို့ ဆိုပြီး ၂၀၂၇ ခုနှစ်မှာ ၄ ဒသမ ၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိတဲ့ ၂၀၂၅ ခုနှစ်နဲ့ ယှဉ်ရင် ကျဆင်းတာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဥရောပစီးပွားရေးကတော့ ၂၀၂၆ ခုနှစ်မှာ ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်မှာ ၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက် တယ်လို့ ဆိုပါတယ်။ ဥရောပရဲ့ ၂၀၂၅ ခုနှစ်စီးပွားရေး တိုးတက်မှုကတော့ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိပါတယ်။
ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေထဲမှာ တောင်အာရှရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ၂၀၂၅ ခုနှစ်မှာ ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၆ ခုနှစ်မှာ ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိမှာဖြစ်ကာ ၂၀၂၇ ခုနှစ်မှာ ၅ ဒသမ ၉ ရာခိုင်နှုန်းကို ပြန်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters











