DVB Logo
Home
နိုင်ငံတကာ
အမြင်အာရုံမသန်စွမ်းသူများအတွက် AI မျက်မှန် CES ၂၀၂၆ တွင်ပြသ
DVB
·
January 9, 2026
အမြင်အာရုံမသန်စွမ်းသူများအတွက် AI မျက်မှန် CES ၂၀၂၆ တွင်ပြသ
Donate to DVB

အမြင်အာရုံမသန်စွမ်းသူများအတွက် အထောက်အကူ မျက်မှန်ကို CES ၂၀၂၆ ပြပွဲမှာ .lumen ကုမ္ပဏီက ထုတ်ဖော်ပြသခဲ့ပြီး ဒီမျက်မှန်က မျက်မမြင် လမ်းပြခွေးလို စွမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။

အမြင်အာရုံမသန်စွမ်းသူတွေအတွက် မျက်မှန်ထုတ်လုပ်ခဲ့တဲ့ .lumen ဟာ ၂၀၂၆ CES ဆန်းသစ်တီထွင်နိုင်တဲ့ဆု ရရှိထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

ဒီမျက်မှန်ဟာ ခေါင်းမှာ ဝတ်ဆင်ထားရပြီး အသုံးပြုသူကို လမ်းကြောင်းညွှန်ကြားပေးမှာပါ။ မျက်မမြင် လမ်းပြခွေးနဲ့ ဆင်တူပြီး လမ်းလျှောက်ချိန် အန္တရာယ်တွေ အတားအဆီးတွေကို ရှောင်ရှားနိုင်ဖို့ သတိပေးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

AI စွမ်းအင်သုံး ဒီမျက်မှန်ဟာ အမြင်အာရုံမသန်စွမ်းသူတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားစေနိုင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီမျက်မှန်ဟာ အင်တာနက် မလိုအပ်သလို ပတ်ဝန်းကျင်မှာရှိတဲ့ မြေပုံတွေ ကြိုထည့်ထားစရာ မလိုသလို ပုံသေအသံသွင်းထားတဲ့ ညွှန်ကြားချက်တွေအပေါ်လည်း မှီခိုနေစရာ မလိုဘူးလို့ ဖော်ပြပါတယ်။

ဒီမျက်မှန်တီထွင်တဲ့ .lumen ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ အမ်မရီက “ဒီမျက်မှန်ထဲမှာ တတန်လောက်ရှိတဲ့ AI တွေ အသုံးပြုထားပါတယ်။ ဒီနေရာက အန္တရာယ်ကင်းတဲ့နေရာဖြစ်တယ်၊ အန္တရာယ်မကင်းဘူး ဆိုတာမျိုးတွေ နားလည်နိုင်တဲ့ AI မျိုးပါ။ အိမ်တွင်း အိမ်ပြင်မှာ ကြုံတွေ့ရမဲ့ အရာဝတ္ထုတွေကို ဘယ်လိုရှိလဲဆိုတာကို နားလည်စေဖို့ ကူညီပေးမှာပါ။ ဒီမျက်မှန်နဲ့ အရာအားလုံးကို ကျနော်တို့ လုပ်နိုင်မှာပါ။ အင်တာနက် ချိတ်ဆက်ထားဖို့ မလိုပါဘူး” လို့ ပြောပါတယ်။

အမ်မရီဟာ သူ့မိသားစုမှာ မသန်စွမ်းမဖြစ်တဲ့ တဦးတည်းသောသူ ဖြစ်ခဲ့ပြီး နည်းပညာတွေဟာ မသန်စွမ်းသူတွေကို ထောက်ပံ့နိုင်ဖို့ အများကြီးလိုအပ်တယ်ဆိုတာ သူက တွေ့မြင်ခဲ့ပါတယ်။

.lumen ကုမ္ပဏီဟာ အမြင်အာရုံ မသန်စွမ်းသူတွေအတွက်  အသုံးပြုတဲ့ မျက်မှန်ကို လက်ရှိမှာ ဥရောပအရှေ့ပိုင်းအတွက် ထုတ်လုပ်ပေးနေပြီး အမေရိကန်ဈေးကွက် ဝင်ရောက်နိုင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013