DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးအရေးယူခံရသူ  ၃၃၅ ဦးအထိရှိလာ
DVB
·
January 8, 2026
ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးအရေးယူခံရသူ  ၃၃၅ ဦးအထိရှိလာ
Donate to DVB

အာဏာသိမ်း စစ်တပ်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုရေးသားသူ ၃၃၅ ယောက်ကို ဖမ်းဆီးပြီး အရေးယူဆောင်ရွက်ထားတဲ့ အမှုပေါင်း ၂၄၀ ရှိတယ်လို့ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဇန်နဝါရီ ၆ ရက် နေ့လယ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ စစ်ကောင်စီခန့်ဝန်ကြီးက ပြောဆိုခဲ့တာပါ။

“၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၉ ရက်မှ ၂၀၂၆ ဇန်နဝါရီလ ၅ ရက်အထိ ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူ ဆောင်ရွက်ခဲ့ရာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အမှုပေါင်း ၂၄၀ မှာ တရားခံ ၃၃၅ ယောက်ရှိပြီး ဝေဖန်ရေးသား ပြောဆိုသူတွေကို ထပ်မံဖော်ထုတ် အရေးယူသွားမယ်” လို့ ခြိမ်းခြောက် ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရသူ အများစုမှာ အရင်က ဝေဖန်ရေးသားမှုတွေ လုပ်ပေမဲ့ နောက်ပိုင်း ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးပြီး စစ်အုပ်စုက ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသလာတယ်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“အရင်က ဝေဖန်ရေးသားတာပဲရှိတာ၊ အခုနောက်ပိုင်း ပါတီဆိုင်းဘုတ်တွေပါ ဖျက်ဆီးပြီး အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသလာတယ်။ ဒီဇင်ဘာ ၂၇ ရက်ကနေ ဇန်နဝါရီ ၅ ရက်အထိ ရန်ကုန်မှာ ရွေးကာဥပဒေနဲ့ ဖမ်းဆီးခံရသူ ၁၃ ယောက်ရှိတယ်။”

အရင်က ရွေးကော်ဥပဒေနဲ့ အမှုဖွင့်ထားတဲ့ အမှုပေါင်း ၁၄၀ မှာ အမျိုးသား ၂၀၁ ယောက်၊ အမျိုးသမီး ၂၈ ယောက်၊ စုစုပေါင်း ၂၂၉ ယောက် ရှိခဲ့ရာက အခုအခါ အမျိုးသား ၂၇၅ ယောက်နဲ့ အမျိုးသမီး အယောက် ၆၀၊ စုစုပေါင်း ၃၃၅ ယောက်ရှိကြောင်း ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ စစ်ကောင်စီခန့်ဝန်ကြီးက ပြောဆိုထားပါတယ်။

ဖမ်းဆီးခံရသူ ၃၃၅ ယောက်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေ ပါဝင်သလို ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေလည်း ပါပြီး အဲဒီထဲက ၁၅ ယောက်ကို ထောင်ဒဏ် ၉ နှစ်ကနေ ၄၉ နှစ်အထိ စစ်ကောင်စီက ပြစ်ဒဏ်ချထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းတာ ၅ ပြည့်ခါနီးမှာ ထွက်ပေါက်အဖြစ် အတုအယောင် ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာ ပြုလုပ်နေပေမဲ့ မြန်မာနိုင်ငံတဝန်းမှာ တိုက်ပွဲတွေ နေ့စဥ်ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013