DVB Logo
Home
အားကစား
ချဲလ်ဆီးအသင်း ရှုံးပွဲတွေ့ ပြီး အဆင့် ၈ နေရာရောက် 
DVB
·
January 8, 2026
ချဲလ်ဆီးအသင်း ရှုံးပွဲတွေ့ ပြီး အဆင့် ၈ နေရာရောက် 
Donate to DVB

နည်းပြသစ် ကိုင်တွယ်ဖို့ရှိနေတဲ့  ချဲလ်ဆီးအသင်းဟာ လန်ဒန်မြို့ခံပြိုင်ဘက် ဖူလ်ဟမ်အသင်းကို ၂ ဂိုး တဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

ပွဲချိန် ၂၂ မိနစ်ကတည်းက ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာ အထုတ်ခံခဲ့ရပြီး လက်ကျန်ပွဲချိန်တွေကို တယောက်လျော့နဲ့ ကစားခဲ့ရတာပါ။

ဖူလ်ဟမ်အသင်းအတွက် အဖွင့်ဂိုးကို တိုက်စစ်မှူး ရာအူးလ်ဂျင်မီနက်ဇ်က ပွဲကစားချိန် ၅၅ မိနစ်မှာ သွင်းယူခဲ့ပြီး ပွဲချိန် ၇၂ မိနစ်မှာတော့ ချဲလ်ဆီးတိုက်စစ်မှူး ဒီလပ်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

ဒါပေမဲ့ ပွဲကစားချိန် ၈၁ မိနစ်မှာတော့ ဖူလ်ဟမ် တောင်ပံကစားသမား ဟယ်ရီဝီလ်ဆန်က အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် ချဲလ်ဆီးတို့ ရှုံးခဲ့ရတာဖြစ်ပါတယ်။ 

ဒီရှုံးပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာကနေ အဆင့် ၈ နေရာကို ရောက်သွားပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ထပ်ပွဲစဉ်အနေနဲ့ လာမဲ့ ဇန်နဝါရီ ၁၁ ရက် တနင်္ဂနွေနေ့မှာ ချာလ်တန်အသင်းနဲ့ FA ဖလားပွဲ ကစားဖို့ရှိနေပြီး နည်းပြသစ်ရိုဆင်နီယာက စတင်ကိုင်တွယ်ဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013