DVB Logo
Home
နိုင်ငံတကာ
အာရှပထမဆုံး Tomorrowland EDM ပွဲတော်ကို ထိုင်းနိုင်ငံတွင် ကျင်းပမည်
DVB
·
January 7, 2026
အာရှပထမဆုံး Tomorrowland EDM ပွဲတော်ကို ထိုင်းနိုင်ငံတွင် ကျင်းပမည်
Donate to DVB

အာရှပထမဆုံး Tomorrowland ဖျော်ဖြေပွဲကို ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမှာ ဖြစ်ပါတယ်။

EDMပွဲတော်အဖြစ် ဥရောပမှာ လူကြိုက်များပြီး ကျော်ကြားတဲ့ Tomorrowland ပွဲကို ဒီဇင်ဘာလမှာ ပြုလုပ်ဖွယ်ရှိပါတယ်။

ထိုင်းနိုင်ငံကို ရွေးချယ်ရတာကတော့ ဂီတနဲ့ပတ်သက်ပြီး ကမ္ဘာ့စင်မြင့်မှာ လွှမ်းမိုးနိုင်မှု တိုးလာတာ၊ တိုးတက်ပြောင်းလဲမှုတွေရှိတာ၊ ကမ္ဘာလှည့်ခရီးသွားတွေ များပြားတာတွေကြောင့် အခုလို ရွေးချယ်တာ ဖြစ်တယ်လို့ Tomorrowland က ပြောပါတယ်။

ဘယ်ဂျီယံ ညီအစ်ကို ၂ ယောက်ဖြစ်တဲ့ မီနူးနဲ့ မီချယ်ဘီယာ တို့ရဲ့ ၂၀၀၅ ခုနှစ်က စတင်ပြုလုပ်ခဲ့တဲ့ Tomorrowland ပွဲဟာ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး EDM ပွဲ ဖြစ်ပါတယ်။

Tomorrowland ဟာ ကမ္ဘာတဝန်း ဖျော်ဖြေပွဲတွေ ပြုလုပ်လေ့ရှိပြီး ဒီနှစ်အတွက် အာရှမှာ ပထမဆုံးပြုလုပ်ဖို့ ရွေးချယ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ပြုလုပ်မဲ့ ပွဲတွေမှာ လူ ၅၀,၀၀၀ ကျော် လာရောက်မယ်လို့ မျှော်လင့်ထားပါတယ်။

ထိုင်းနိုင်ငံ ကမ်းခြေမြို့ဖြစ်တဲ့ ပတ္တရားမှာ ပြုလုပ်မဲ့ ဒီပွဲကို အကြိုလက်မှတ်စာရင်းပေးမှုကို ဇန်နဝါရီ ၈ ရက်နေ့ စတင်မှာဖြစ်ပါတယ်။

၃ ရက်စာအတွက် လက်မှတ်ဈေးနှုန်းတွေကို ဘတ် ၁၂,၅၀၀ သတ်မှတ်ထားပြီး တရက်တည်းအတွက်တော့ ဘတ် ၅,၁၀၀ သတ်မှတ်ထားပါတယ်။

Tomorrowland ဂီတပွဲကို ထိုင်းနိုင်ငံမှာ ပြုလုပ်ဖို့ ၅ နှစ် သဘောတူညီချက် ရခဲ့တာက ဘတ်ငွေ ၂၁ ဘီလီယံအထိ ဝင်ငွေရနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေထဲက Tomorrowland ကို လက်ခံကျင်းပခွင့်ရဖို့ အားကောင်းတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း နိုင်ငံတကာ ဂီတပွဲဖြစ်တဲ့ Electric Daisy Carnival and Creamfields ကျင်းပထားတဲ့နိုင်ငံ ဖြစ်ခဲ့သလို K-pop band ဖြစ်တဲ့ Blackpink အဖွဲ့ရဲ့ World Tour ဖျော်ဖြေရာ နောက်ဆုံးမြို့ ဖြစ်ခဲ့တာတွေကလည်း အားသာချက်တွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ ဂီတနဲ့ အနုပညာပွဲတော်တွေ ထွန်းကားတဲ့နေရာအဖြစ် ထင်ရှားပြီး နှစ်စဉ် လူထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013