DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်မူကြမ်း အန်အယ်ဒီ ရေးဆွဲပြီးစီး
DVB
·
December 17, 2014
နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်မူကြမ်း အန်အယ်ဒီ ရေးဆွဲပြီးစီး
1 / 2
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို သီးသန့်ရေးဆွဲနေရာမှာ မူကြမ်းပြီးစီးသွားပြီလို့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်က ဒီဗွီဘီကိုပြောပါတယ်။

10730775_670676206373174_8134043191455245318_n“အန်ကယ်တို့ မူဘောင်ရေးဆွဲထားတယ်ဆိုပေမယ်လို့ မူကြမ်းအဆင့်ပဲ ရှိပါသေးတယ်။ မူကြမ်းအဆင့်ကတော့ ပြီးသွားပြီ။ ထပ်ပြီး ပြင်ရဦးမှာပေါ့။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) အနေနဲ့ ပြည်သူက ထောက်ခံထားတဲ့ပါတီဖြစ်ပြီး ပြည်သူဘက်ကိုကြည့်ကာ မူကြမ်းရေးဆွဲထားတယ်လို့လည်းပြောပါတယ်။ ဒါပေမယ့် ဒီမူကြမ်းမှာ ဘယ်လိုမူတွေနဲ့ ဘယ်လို အချက်အလက်တွေ ပါရှိတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုဖို့ မရှိသေးဘူးလို့ဆိုပါတယ်။

အန်အယ်ဒီဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်ကလည်း ပါတီအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ကိုယ်ပိုင်အနေနဲ့ရှိအောင် ရေးဆွဲတာဖြစ်ပြီး တခြား ပါတီတွေနဲ့ပြန်လည်ဆွေးနွေးမှာဖြစ်တယ်လို့ ပြောပါတယ်။

“ကိုယ့်ကိုယ်ပိုင်ကတော့ ရှိရမယ်လေ။ တကယ်တန်းဆွေးနွေးတဲ့ အခါကျရင် သူများ ပါတီတွေနဲ့လည်း ပေါင်းပြီး ဆွေးနွေးရမှာပေါ့။ သူတို့ဆွဲထားတဲ့ဟာနဲ့ ကိုယ်ဆွဲထားတဲ့ဟာနဲ့ ပြန်ညှိကြတာပေါ။ မူဘောင်ကတော့ များပေမယ့် အကုန်လည်း ပြန်ညှိတဲ့အခါကျရင် တူတာတွေပဲ ရှိကြမှာပါ။”

ပြည်တွင်းကနိုင်ငံရေးပါတီ ၅၆ ပါတီကလည်း ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အခြေခံထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲထားပြီး နိုဝင်ဘာလကုန်ပိုင်းလောက် မှာ အတည်ပြုထားခဲ့ပါတယ်။

၅၆ ပါတီကိုယ်စားပြု နိုင်ငံရေးမူဘောင်ကို ဦးဆောင်ရေးဆွဲရာမှာပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပါတီ (FUP) ဒုတိယဥက္ကဋ္ဌ ဦးစောသန်းမြင့်ကတော့ နိုင်ငံရေးပါတီ အားလုံးရဲ့ကိုယ်စား မူဘောင်တစ်ခုတည်းဖြစ်ဖို့ပဲ အားလုံးမှာ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေပါဝင်တဲ့ (ယူအန်အေ) ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကလည်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို သီးခြား ရေးစွဲနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ဒီမူဘောင်ကို အခြေခံပြီး နောင်အနာဂတ် တပြည်လုံး အပစ် အခတ်ရပ်စဲရေး အလွန်ကာလမှာ ကျင်းပမယ့် ပြည်ထောင်စု ညီလာခံကျရင် နိုင်ငံရေးဆွေးနွေးမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013