
“လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း” ကို စတင်ဖွဲ့စည်းသွားမယ်လို့ ဖြစ်မြောက်ရေးကော်မတီက ကြေညာလိုက်ပြီး Founding Congress ကို ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဒုတိယအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံက ပေးအပ်ထားတဲ့ တာဝန်အတိုင်း CDM နိုင်ငံ့ဝန်ထမ်းအားလုံး ပါဝင်နိုင်မယ့် လွတ်လပ်တဲ့ အဖွဲ့အစည်းတရပ် ဖွဲ့စည်းဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ဒေသအဆင့်နဲ့ တနိုင်ငံလုံးအဆင့် CDM ကွန်ရက်တွေ၊ ပညာရေး၊ ကျန်းမာရေး၊ မီးရထားနဲ့ အခြားကဏ္ဍဆိုင်ရာ အဖွဲ့အစည်းတွေ တွေ့ဆုံညှိနှိုင်းပြီး ပြင်ဆင်မှုတွေ ဆောင်ရွက်လာခဲ့တယ်လို့ ဖြစ်မြောက်ရေးကော်မတီက ဆိုပါတယ်။
Founding Congress အတွက် ကိုယ်စားလှယ် တောင်းခံမှုလုပ်ငန်းစဉ်တွေကို ပြီးစီးအောင် ဆောင်ရွက်ပြီးဖြစ်သလို အဖွဲ့အစည်းအသီးသီးထံမှ ကိုယ်စားလှယ်စာရင်းတွေကိုလည်း လက်ခံရရှိပြီးဖြစ်တာကြောင့် အခုအချိန်မှာ အဖွဲ့ ဖွဲ့စည်းရေးအတွက် အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။










