DVB Logo
Home
နိုင်ငံတကာ
ထိုင်းနှစ်သစ်ကူးကာလ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၂၄၁ ဦး သေဆုံး 
DVB
·
January 5, 2026
ထိုင်းနှစ်သစ်ကူးကာလ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၂၄၁ ဦး သေဆုံး 
Donate to DVB

ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးကာလ ယာဉ်မတော်တဆထိခိုက်မှု အန္တရာယ်ရှိနေ့ရက်ကို ၇ ရက်တာ သတ်မှတ်ပြီး စောင့်ကြပ်ကြည့်ရှုနေတာမှာ ပြီးခဲ့တဲ့ ၆ ရက်အတွင်း လူပေါင်း  ၂၄၁  ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းပြည်သူ့ဘေးအန္တရာယ်ကာကွယ်ရေးနဲ့လျော့ပါးရေးဌာနက ထုတ်ပြန်ပါတယ်။ 

နှစ်ကူးကာလ အန္တရာယ်ရှိနေ့ရက်တွေကို ၂၀၂၅ ဒီဇင်ဘာ ၃၀ မှ ၂၀၂၆ ဇန်နဝါရီ ၆ ရက်ထိ သတ်မှတ်ထားတာမှာ ဇန်နဝါရီ ၄ ရက်ထိ ၆ ရက်တာကာလအတွင်း ထိုင်းတနိုင်ငံလုံးမှာ မတော်တဆ ထိခိုက်မှုပေါင်း ၁၃၆၄ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၄၁ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၁.၃၁၃ ယောက် ရှိတယ်လို့  ဆိုပါတယ်။ 

မတော်တဆ ယာဉ်တိုက်မှုအများဆုံးခရိုင်မှာ ထိုင်းတောင်ပိုင်း ဖူးခက်ခရိုင်ဖြစ်ပြီး အကြိမ်ပေါင်း ၅၀ ဖြစ်ခဲ့တယ်၊ ထိခိုက်ဒဏ်ရာရသူ အများဆုံးဟာလည်း ဖူးခက်ခရိုင်ပဲဖြစ်ပြီး ဒဏ်ရာရသူ ၅၃ ယောက် ရှိခဲ့ပါတယ်။ 

သေဆုံးသူအများဆုံး ခရိုင်ကတော့ ဘန်ကောက် ဖြစ်ပြီး  ၂၀ ယောက် သေဆုံးတယ်၊ သေဆုံးသူ တဦး တယောက်မှ မရှိတဲ့ ခရိုင်ပေါင်း ၇ ခရိုင်ရှိတယ်လို့  ဆိုပါတယ်။ 

ဇန်နဝါရီ ၄ ရက်မှာဆိုရင် ယာဉ်မတော်တဆဖြစ်မှု ၁၄၃ ကြိမ်ဖြစ်ပွားပြီး ဒဏ်ရာရသူ ၁၄၈ ယောက်နဲ့ သေဆုံးသူ ၂၅ ယောက် ရှိပါတယ်။ 

မတော်တဆထိခိုက်မှုဖြစ်ရခြင်းမှာ သတ်မှတ်နှုန်းထားထက် အလျင်အမြန်မောင်းနှင်မှု ၅၈ ကြိမ် ၄၀ ဒသမ ၅၆ ရာခိုင်နှုန်း၊ အရက်မူးပြီး မောင်းနှင်မှု ၃၂ ကြိမ် ၂၂ ဒသမ ၃၂ ရာခိုင်နှုန်း၊ အနီးကပ်ရှေ့က ဖြတ်မောင်းမှု ၁၄ ကြိမ် ၉ ဒသမ ၇၉ ရာခိုင်နှုန်း၊ ယာဉ်တိုက်မှုအဖြစ်ဆုံး ယာဉ်အမျိုးအစားမှာ မော်တော်ဆိုင်ကယ် ၁၃၄ စီး၊ ၇၁ ဒသမ ၆၆ ရာခိုင်နှုန်းရှိတယ်လို့  ဆိုပါတယ်။ 

ပြည်သူတွေအနေနဲ့  ယာဉ်မတော်တဆထိခိုက်မှု ဖြစ်ပွားပါက အရေးပေါ်ဖုန်းလိုင်း ၁၇၈၄ ကို ၂၄ နာရီ အချိန်တိုင်း ခေါ်ဆိုနိုင်ကြောင်း၊ Line ID @1784DDPM ကိုလည်း ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Source: Thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013