DVB Logo
Home
မြန်မာသတင်း
ထားဝယ်မြို့တွင် လယ်သမားများနှင့် ဆောက်လုပ်ရေးကုမ္ပဏီအကြား ပဋိပက္ခဖြစ်
DVB
·
December 17, 2014
ထားဝယ်မြို့တွင် လယ်သမားများနှင့် ဆောက်လုပ်ရေးကုမ္ပဏီအကြား ပဋိပက္ခဖြစ်
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်မြို့မှာ လယ်သမားတွေနဲ့  အစိုးရရဲ့ စီမံကိန်းကို အကောင် အထည်ဖော်နေတဲ့ တိုးတက်ကောင်း ဆောက်လုပ်ရေး ကုမ္ပဏီတို့  အကြားထိပ်တိုက်တွေမှုတွေ   ဖြစ်ပွားနေပါတယ်။

[caption id="attachment_74026" align="alignright" width="403"]ဓာတ်ပုံ - ထွန်းထွန်းဝင်း ဓာတ်ပုံ - ထွန်းထွန်းဝင်း[/caption]

ထားဝယ်မြို့ ဆန်းချီရပ်ကွက်က ဒေသခံတွေရဲ့ ဘိုးဘွားပိုင်လယ်မြေ ဧက  ၃၀၀ ကျော်ကို အစိုးရကသိမ်းယူခဲ့ပြီး လက်ရှိမှာ မြို့ပြစီမံကိန်းအတွက် အဆောက်အဦတွေ ဆောက်လုပ်နေ တာပါ။

မနေ့ကတည်းက ဒီမြေပေါ်မှာ ဆောက်လုပ်ရေးကုမ္ပဏီကနေပြီး မြေတူးစက်တွေနဲ့ မြေစာလာချတာ၊ တိုင်စိုက်ထူတာတွေ လုပ်ဆောင်နေတဲ့အတွက် လယ်သမားတွေ မိမိလယ်မှာ နေပြီး ကန့်ကွက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒေသခံလယ်သမား ဒေါ်ရွှေစင်ယုက “လယ်သမားတွေကလည်း နှစ်စဉ် စိုက်ပျိုးနေတဲ့နေရာဆိုတော့လေ ဒီနှစ်လည်း ထွန်စက်နဲ့ ရှင်းနေတဲ့အချိန်မှာ ကုမ္ပဏီဘက်က သစ်ပင်ဝင်ပြီးစိုက်မယ်ဆိုရင် သူတို့အတွက် အဆောက် အဦ ဆောက်တဲ့နေရမှာ အခက်အခဲဖြစ်သွားမယ်ဆိုပြီးတော့ မြေဇာတွေ လာပုံနေတယ်။ အဲဒီပေါ်မှာ လယ်သမားက လုံးဝ အပုံမခံဘူးပေါ့နော်။ ”

ကုမ္ပဏီက မြေဇာတွေလာပုံတဲ့လယ်ဟာ  ဒေါ်မူမူဆန်းရဲ့ လယ်မြေဖြစ်ပြီး သူ့အမျိုးသားဖြစ်သူ   ဦးကြည်လွင်ဟာလည်း လယ်ပြန်ရရေး တောင်းဆိုမှုနဲ့ ထောင်မှာ ကျခံရချိန်ဖြစ်တယ်လို့   ထားဝယ်အမျိုးသမီးသမဂ္ဂက မစုစုဆွေက ပြောပါတယ်။

“မနေ့တုန်းက ဘူဒိုဇာနဲ့လယ်ကို ထွန်တဲ့အချိန် မမူမူဆန်းက အဲဒီမြေပေါ်မှာ တက်ထိုင်တယ်။ ငါ့ကိုသာ သတ်လိုက်ပါ။ ငါသေမှပဲ ဆက်လုပ်ကြပါဆိုပြီးတော့ ထိုင်တယ်။ သူ့သမီး ၂ ယောက် လည်း တနေကုန်ဘာမှ မစားရဘူး။ သူက သူ့တဲမှာ ထမင်းသွားချက်ရင် ကုမ္ပဏီအလုပ်သမားတွေ ၀င်လုပ်လို့ မသွားပဲ လယ်ထဲမှာပဲ တနေကုန်ထိုင်နေတာ”လို့ ပြောပါတယ်။

ဒီကနေ့ နေခင်း ၁ နာရီကျော်မှာလည်း တိုးတက်ကောင်း ကုမ္ပဏီဘက်က လယ်မြေကို ခြံစည်းရိုးကာနေပြီး လယ်ပိုင်ရှင်ကို အထဲမှာထည့်ထားတဲ့အတွက် တခြားလယ်သမားတွေနဲ့ ကုမ္ပဏီအကြား အခြေအတင် ပြောနေကြတယ်လို့ အဲဒီကို ရောက်ရှိနေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဆိုင်းခေးဆိုင်က ပြောပါတယ်။

သူတို့အဖွဲ့အနေနဲ့ ညှိနှိုင်းပေးဖို့ မေးမြန်းရာမှာလည်း အစိုးရနဲ့ပဲ သွားညှိပါလို့သာ ဖြေဆိုကြောင်းနဲ့ ဘယ်အစိုးရဌာနဆိုင်ရာနဲ့ ညှိမလဲဆိုတာ မသိဘူးဖြစ်နေတယ်လို့ ပြောပါတယ်။

ထားဝယ်မြို့ ဆန်းချီရပ်ကွက်က ဒေသခံတို့ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ လယ်မြေပေါ်မှာ အာဏာပိုင်တွေက တိုင်လာစိုက်ထားတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က လယ်သမားနဲ့ အာဏာပိုင်ကြား အခြေအတင်ဖြစ်ပြီး ရွာသား ၂၀ ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံး ဒုဦးစီးမှူး ဦးမျိုးနိုင်က တရားလိုလုပ်ပြီး ရိုက်နှက်မှု၊ ၀တ္တရား နှောင့်ယှက်မှု၊ ဆဲဆိုမှု၊ ပိုင်နက်ကျူးလွန်မှု စတာတွေနဲ့  တရားစွဲဆိုခဲ့ပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ လယ်သမားခေါင်းဆောင်အပါအ၀င် အမျိုးသား ၉ ဦးကို ထောင်ဒဏ် နဲ့  အမျိုးသမီး ၁၀ ဦးကိုတော့ ဒဏ်ငွေ ၁ သောင်းစီ  အသီးသီးချမှတ်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013