DVB Logo
Home
မြန်မာသတင်း
Sexy Model နန်းမွေစံ ပြန်လွတ်လာ
DVB
·
January 4, 2026
Sexy Model နန်းမွေစံ ပြန်လွတ်လာ
1 / 3
Donate to DVB

လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကျဉ်းသား ၆,၀၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ Sexy မော်ဒယ် နန်းမွေစံလည်း ပြန်လည်လွတ်မြောက်လာပါတယ်။

Sexy မော်ဒယ် နန်းမွေစံနဲ့ သရုပ်ဆောင် မင်းသမီး သင်ဇာဝင့်ကျော်တို့ကို လိင်အသားပေးဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေယူဖြန့်ဝေခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ၂၀၂၂ ခုနှစ်မှာ အီလက်ထရောနစ်ဥပဒေနဲ့ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် မော်ဒယ် နန်းမွေစံကို အင်းစိန်အကျဥ်းထောင် စစ်ခုံရုံးကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က) နဲ့ ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့တာပါ။

သင်ဇာဝင့်ကျော်ကိုတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ အင်းစိန်အကျဥ်းထောင်၊ အထူးတရားရုံးကနေ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ  ပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချလိုက်ပြီး ၂၀၂၅ ခုနှစ်၊ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆,၁၃၄  ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းပေးလိုက်ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၂ ယောက်ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်နဲ့ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့  စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013