DVB Logo
Home
နိုင်ငံတကာ
၂၀၂၅ ခုနှစ်အတွင်း အမေရိကန်မှာ သေနတ်ကြောင့် သေဆုံးနှင့် ဒဏ်ရာရသူ ၄၀,၀၀၀ ကျော်ရှိ
DVB
·
January 3, 2026
၂၀၂၅ ခုနှစ်အတွင်း အမေရိကန်မှာ သေနတ်ကြောင့် သေဆုံးနှင့် ဒဏ်ရာရသူ ၄၀,၀၀၀ ကျော်ရှိ
Donate to DVB

၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ သေနတ်နဲ့ပတ်သက်တဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့တယ်လို့ Gun Violence Archive (GVA) က ထုတ်ပြန်ပါတယ်။

GVA ရဲ့ မှတ်တမ်းအရ ၂၀၂၅ ခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၄,၆၀၀ ယောက် သေဆုံးခဲ့ ပြီး ၂၆,၁၀၀ ကျော်ကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် လူစုလူဝေးအတွင်း သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ အနည်းဆုံး ၄၀၇ ကြိမ်ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီပစ်ခတ်မှုတွေထဲမှာ ကလေးငယ်တွေပါ ထိခိုက်မှုများခဲ့ပြီး အသက် ၁၁ နှစ်နဲ့ အောက် ကလေး ၂၂၄ ယောက် သေဆုံးခဲ့သလို အသက် ၁၂ နှစ်ကနေ ၁၇ နှစ်အရွယ် ကလေး ၄၆၁ ယောက်ကတော့ ဒဏ်ရာရခဲ့ကြပါတယ်။ တစ်နှစ်လုံးအနေနဲ့ စုစုပေါင်း ကလေး အယောက် ၁,၀၃၀  သေဆုံးခဲ့ပြီး ၂,၇၃၃ ယောက် ဒဏ်ရာရရှိခဲ့ ပါတယ်။

GVA ဟာ ၂၀၁၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ သေနတ်နဲ့ပတ်သက်တဲ့ အကြမ်းဖက်မှုအားလုံးကို စုစည်းမှတ်တမ်းတင်နေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။ 

ဒီအဖွဲ့ဟာ လူသတ်မှု၊ ကိုယ်တိုင်ကာကွယ်ရေးအတွက် ပစ်ခတ်မှု၊ မတော်တဆ သေနတ်ပစ်ခတ်မိမှုနဲ့ ကိုယ့်ကိုယ်ကို သတ်သေမှုတွေကိုပါ ထည့်သွင်း မှတ်တမ်းတင်ထားပါတယ်။

အထူးသဖြင့် ၂၀၂၅ ခုနှစ်အတွင်း သေနတ်နဲ့ ကိုယ့်ကိုယ်ကို သတ်သေခဲ့သူ ၂၄,၀၀၀ ကျော် ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ 

ပြည်တွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အမေရိကန်မှာ ၂၀၂၁ ခုနှစ်ကစပြီး သေနတ်နဲ့ပတ်သက်တဲ့ သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေဟာ ၄ နှစ်ဆက်တိုက် လျော့ကျလာခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ ကိုယ့်ကိုယ်ကို သတ်သေမှုအပါအဝင် သေနတ်ကြောင့် ထိခိုက်သေဆုံးမှုတွေ ပြန်လည်များပြား လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကဆိုရင် တရက်ကို လူပေါင်း ၁၁၀ ခန့်ဟာ သေနတ်ကြောင့် သေဆုံးတာ ဒါမှမဟုတ် ဒဏ်ရာရတာမျိုး ကြုံတွေ့ခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013