DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ၃ ရက်အတွင်း ကားတိုက်မှုကြောင့် လူ ၄ ဦးသေဆုံး
DVB
·
January 3, 2026
ရန်ကုန်တွင် ၃ ရက်အတွင်း ကားတိုက်မှုကြောင့် လူ ၄ ဦးသေဆုံး
1 / 5
Donate to DVB

ဒီ ၃ ရက်အတွင်း ရန်ကုန်မှာ ကားတိုက်ပြီး လူ ၄ ယောက်သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၃ ရက် ဒီနေ့ မနက် အစောပိုင်း ၂ နာရီ မိနစ် ၄၀ လောက်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ BPI ဆေးဝါးစက်ရုံလမ်းမှာ ကားတိုက်ပြီး လူညပ်နေတယ် ဆိုတဲ့သတင်းရလို့ အင်းစိန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကယ်ဆယ်ဆယ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်ကြောင့် ကားပေါ်ပါ အမျိုးသား ၁ ယောက်သေဆုံးပြီး အလောင်းကို တွဲလက် လူမှုကူညီရေးအသင်းက လူနာတင်ကားနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁ ရက် မနက် ၄ နာရီခွဲလောက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ အဝေးပြေးအကျော်မှာ ကားတိုက်ပြီး လူညပ်နေတယ်ဆိုတဲ့သတင်းရလို့ လှိုင်သာယာအနောက်ပိုင်း မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးကား ၁ စီးနဲ့ သွားရောက် ကူညီခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကားတိုက်မှုမှာတော့ ကားပေါ် ပိတ်မိနေသူတွေထဲက အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်သေဆုံးခဲ့ပြီး အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကတော့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁ ရက် မနက် ၆ နာရီလောက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်မှတ်တိုင်နားမှာ ကားတိုက်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းက သွားရောက်ကူညီခဲ့ပြီး သေဆုံးတဲ့ အမျိုးသားကိုတော့  ပုလဲအရန်မီးသတ်စခန်းက လူနာတင်ကားနဲ့ အင်စိန်ပြည်သူ့ဆေးရုံဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်အားလုံးဟာ မနက်အစောပိုင်းအချိန်တွေမှာဖြစ်ပြီး ကားပေါ်မှာပါလာသူတွေ ညပ်ပြီးသေဆုံးတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013