DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းအတွက် Starlink ဝန်ဆောင်မှုကို ကန့်သတ်ထားခြင်း ရှိ၊ မရှိ မသိဟု ရုရှား ပြော
DVB
·
October 15, 2026
Photo: Sputnik/Alexander Kazakov/Pool via REUTERS/File Photo
Photo: Sputnik/Alexander Kazakov/Pool via REUTERS/File Photo
Donate to DVB

ယူကရိန်းအတွက် Starlink ဝန်ဆောင်မှုတွေကို ကန့်သတ်ထားခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး ရုရှားက မသိဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ် က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။ 

Starlink ဝန်ဆောင်မှု ကန့်သတ်ချက်တွေ ရှိတာကို အတည်ပြုတဲ့ ဒါမှမဟုတ် ငြင်းဆိုတဲ့ တရားဝင်ထုတ်ပြန်ချက် တစုံတရာကို ကရင်မလင်က မကြားသိရသေးဘူးလို့လဲ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို အသုံးပြုခွင့်အပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ရယူဖို့ ယူကရိန်းက အမေရိကန်၊ SpaceX ၊ NATO တို့နဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တခုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ 

ဒါ့အပြင် လာမဲ့လမှာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် APEC ထိပ်သီးအစည်းအဝေးကာလအတွင်း ပူတင်၊ ထရမ့်ပ်နဲ့ ရှီတို့အကြား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတခု လုပ်နိုင်ခြေရှိတယ်လို့ ပဲ့စ်ကို့ဗ်က ပြောခဲ့ပြီး၊ ဆွေးနွေးမဲ့ အစီအစဉ်တွေနဲ့ ခေါင်းစဉ်တွေအပေါ် မူတည်ပြီး ခုလို တွေ့ဆုံခြင်းက အကျိုးရှိနိုင်မယ်လို့လည်း သူက ထပ်လောင်းပြောခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013