
ကမ္ဘာ့ရေငုပ်စစ်တုရင်ပြိုင်ပွဲမှာ နယ်သာလန် ချန်ပီယံဟောင်း ကိုလန်က အမျိုးသားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး အသက် ၁၇ နှစ်အရွယ် နယ်သာလန်သူ ဒါမန်က အမျိုးသမီးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။
၂၀၂၅ ကမ္ဘာ့ရေငုပ်စစ်တုရင်ချန်ပီယံရှစ် ပြိုင်ပွဲမှာ လူပေါင်း ၄၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
ပြိုင်ပွဲဝင်တွေဟာ စစ်တုရင်စွမ်းရည် ယှဉ်ပြိုင်ရသလို ရေအေးထဲမှာ ငုပ်ပြီး စစ်တုရင်အရုပ်တွေကို ရွှေ့ရတဲ့ကစားနည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ သံလိုက်ပါတဲ့ စစ်တုရင်ဘုတ်ပြားအသုံးပြုပြီး ရေကူးကန်အောက်မှာ ရေငုပ်ပြီး ကစားရတဲ့ ကစားနည်း ဖြစ်ပါတယ်။
ကစားသမားတွေဟာ ရေပေါ်တက် အသက်ရှူလိုက် ရေအောက်ငုပ် စစ်တုရင်ထိုးလိုက် ယှဉ်ပြိုင်ရတာ တွေ့ရပါတယ်။
၂၀၂၅ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၁၀ နှစ်အရွယ် ကစားသမား ၃ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
ရေငုပ်တာနဲ့ စစ်တုရင်ထိုးတာ ပေါင်းစပ်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပြီး ရေငုပ်စစ်တုရင်ကစားတာကို ၂၀၂၃ ခုနှစ်က စတင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရေငုပ်စစ်တုရင်ပြိုင်ပွဲမှာ အောက်ဆီဂျင်အကူအညီမပါဘဲ ကစားရတာဖြစ်ပြီး ရေကူးမျက်မှန်ကိုတော့ အသုံးပြုခွင့် ပေးထားပါတယ်။
အစောပိုင်းက ရေအောက်ကိုငုပ်တဲ့အချိန်မှာ နစ်မြုပ်လွယ်အောင် အလေးတုံးတွေ အသုံးပြုခွင့် ပေးခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်ကစပြီး အလေးတုံးအသုံးပြုခွင့် မပြုခဲ့ပါဘူး။
Source: Reuters











