DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ဒုက္ခသည် ၅ သိန်းခွဲအတွက် အကူငွေဒေါ်လာသန်း ၁၉၀ လိုအပ်
DVB
·
December 16, 2014
မြန်မာပြည်တွင်း ဒုက္ခသည် ၅ သိန်းခွဲအတွက် အကူငွေဒေါ်လာသန်း ၁၉၀ လိုအပ်
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ ပဋိပက္ခနဲ့ အုပ်စုချင်း အကြမ်းဖက်မှုတွေကြောင့် အကူအညီနဲ့ အကာ အကွယ်ပေးဖို့ လိုအပ်နေသူပေါင်း ၅ သိန်း ၄ သောင်းကျော်ရှိပြီး ဒီအတွက် အကူအညီငွေ တစ်နှစ်စာ အမေရိကန်ဒေါ်လာ သန်း ၁၉၀ လိုအပ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

[caption id="attachment_71446" align="alignright" width="413"]ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း[/caption]

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၁၅ အကူညီပေးရေးအစီအစဉ်နဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားဖြစ်ပြီး လာမယ့်နှစ်မှာ အကူအညီအလိုအပ်ဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်က လူပေါင်း ၄၁၆,၆၀၀ နဲ့ ကချင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လူပေါင်း ၁၁၉,၈၀၀ ကို အဓိက ဦးတည်ကူညီပေး သွားမယ်လို့ဆိုပါတယ်။

ကချင်လိုင်ဇာအနားက ဒုက္ခသည်စခန်းတွေမှာတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေ အောက်တိုဘာလကတည်းက မရောက်လာတော့ဘူး လို့ ကချင်ဒုက္ခသည် ကော်မီတီဥက္ကဋ္ဌ ဦးဒွဲဗီဇာက ပြောပါတယ်။

ကချင်ဒုက္ခသည်စခန်းတွေမှာ လက်ရှိ ဒုက္ခသည်တွေ နေဖို့ အမိုးအကာတွေ အရေး တကြီးလိုအပ်နေတယ်လို့လည်း ဦးဒွဲဗီဇာက ပြောပါတယ်။

“၂၀၁၁ ခုကတည်းလုပ်ပေးထားတဲ့ ယာယီအိမ်တွေက ၀ါးတွေနဲ့ပဲလုပ်ထားတော့ အခုက ဆွေးကုန်ပြီးလေ။ အဲတော့အသစ်ပြန်ဆောက်ဖို့ လိုပါတယ်။”

အိမ်ခြေ ၆၈၀ ရခိုင်ပြည်နယ် မြေပုံမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်းမှာတော့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က ပေးတဲ့ အစားအသောက် ရိက္ခာတွေကို လစဉ်ပုံမှန်ရရှိပေမယ့် တခြား အကူအညီတွေမရောက်တာ ၈ လလောက်ရှိပြီးလို့ မွတ်စလင်ဒုက္ခသည် စခန်းကော်မီတီဝင် ဦးဇော်ဇော်က ပြောပါတယ်။
“၂၀၁၂ ခုအောက်တိုဘာလ ကတည်းက ဒီမြေပုံဒုက္ခသည်စခန်းကလူ တွေ ဘာအလုပ်မှ မရှိဘူးဗျာ။ ၀င်ငွေဆိုတာလည်းတခုမှ မရှိဘူး။ ဒီမှာက တော်တော့်ကို အခက်အခဲရှိတယ်။ WFP ကပေးတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲမှ အပ ဘာအစားအစာမှ မမြင်ဖူးတော့တဲ့လူတွေ တော်တော်များများရှိပါတယ်။ အာဟာရချို့တက်တဲ့ ရောဂါ တချို့လည်းဖြစ်တာရှိပါတယ်။”

ကုလသမဂ္ဂကတော့ အကူအညီလိုအပ်နေတဲ့ ပဋိပက္ခဘေး ဒုက္ခသည် အရေအတွက်ဟာ မြန်မာနိုင်ငံလူဦးစုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၅ ဇန်န၀ါရီက ၂၀၁၅ ဒီဇင်ဘာအထိ တနှစ်တာကာလအတွက် ဒီဒုက္ခသည်တွေကို ကူညီဖို့ အမေရိကန် ဒေါ်လာ သန်း ၁၉၀ လိုအပ်မယ်လို့ ဆိုပါတယ်။

ဒီငွေတွေရဲ့ အများစုဖြစ်တဲ့ ၆၅ ရာခိုင်နှုန်းကို စားနပ်ရိက္ခာဖူလုံရေးအတွက်အသုံးပြုမှာ ဖြစ်ပြီး ကျန်တာတွေကတော့ ဒုက္ခသည်တွေအတွက် အကာအကွယ်ပေးရေး၊ ရေသန့်ရရှိရေး၊ မိလ္လာနဲ့ရေဆိုးစနစ်ကိစ္စ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကိစ္စတွေမှာ အသုံးပြုဖို့ လိုအပ်မယ်လို့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013