DVB Logo
Home
မြန်မာသတင်း
မြန်မာများ မလေးရှားဝင်လျှင် ပြစ်မှုကင်း မကင်း စစ်ဆေးမည်
DVB
·
December 16, 2014
မြန်မာများ မလေးရှားဝင်လျှင် ပြစ်မှုကင်း မကင်း စစ်ဆေးမည်
Donate to DVB

မလေးရှားနိုင်ငံကို အလည်ဖြစ်စေ အလုပ်လုပ်ဖို့ဖြစ်စေ လာရောက်လိုတဲ့ မြန်မာနိုင်ငံသားတွေကို ရာဇ၀တ်ပြစ်မှု ရှိ၊ မရှိ စစ်ဆေးသွားတော့မယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီး ဒေါက်တာ အာမဒ် ဇာဟစ် ဟာမီဒီက ပြောပါတယ်။

[caption id="attachment_73967" align="alignright" width="399"]Dr Ahmad Zahid Hamidi မလေးရှား ပြည်ထဲရေးဝန်ကြီး ဒေါက်တာ အာမဒ် ဇာဟစ် ဟာမီဒီက[/caption]

ဒီနှစ်အတွင်း ပီနန်ကျွန်းမှာ မြန်မာလူမျိုးတွေ ၂၀ ခန့် သတ်ဖြတ်ခံရမှုတွေ ကြုံရပြီးနောက်ပိုင်း ပြစ်မှုကင်းရှင်းသူတွေကိုသာ နိုင်ငံတွင်း ၀င်ရောက်ခွင့် ပြုဖို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့တာကို မလေးရှားနိုင်ငံထုတ် the Star သတင်းက ရေးပါတယ်။

“ကျနော် ဒီကိစ္စကို မြန်မာအလုပ်သမားဝန်ကြီးနဲ့ ဆွေးနွေးပြီးပြီ။ ဒီ လူသတ်မှုတွေဟာ နှစ်နိုင်ငံစလုံးအတွက် စိုးရိမ်စရာဖြစ်ရပ်တွေပဲ” လို့ ပြည်ထဲရေးဝန်ကြီးက ဘူကစ်အာမန် အထူးစုံစမ်းရေးဌာန ညွှန်ကြားရေးမှူးများနဲ့ ရဲချုပ်တွေရဲ့ ယမန်နေ့ ထိပ်သီး အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မလေးရှားရောက် မြန်မာလူမျိုးတွေကို စောင့်ကြည့်သွားဖို့ မလေးရှားနိုင်ငံရှိ မြန်မာသံရုံး နဲ့လက်တွဲဆောင်ရွက်မယ် သူက ပြောဆိုပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပေးထားတဲ့ UNHCR ကတ် ကိုင်ဆောင်ထား သူတွေကိုလည်း ရာဇ၀တ်ပြစ်မှုတွေနဲ့ ပတ်သက်နေခြင်း ရှိ မရှိ စစ်ဆေးနေ တယ် လို့လည်း ပြောပါတယ်။ နောက်တစ်ချက်ကတော့ နယ်စပ် စစ်ဆေးရေးဂိတ်တွေ အတွက် အဆင့်မြင့် စစ်ဆေးရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ထားတယ် လို့ ဆိုပါတယ်။

လူဝင်မှုကြီးကြပ်ရေးဌာနတွေက အ၀င်ဂိတ်တိုင်းမှာ အဆင့်မြင့် HD စီစီတီဗီနဲ့ မျက်နှာပုံရိပ်ဖော်စက်တွေနဲ့အတူ စကင်န်ဖတ်စက် အသစ်တွေကိုလဲ တပ်ဆင်သွားဖို့ရှိပြီး ကုန်ကျစရိတ်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရဖို့လိုနေသေးတယ် လို့လည်း ဆိုပါတယ်။

အထူးထောက်လှမ်းရေး ရဲညွှန်ကြားရေးမှုးချုပ် ကာလစ်အဘူ ဘာကာ က ပီနန်လူသတ်မှုတွေနဲ့ ဆက်နွယ်နေသူ မြန်မာ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက် ဖော်ထုတ်သွားမယ်လို့ ပြောပ့ါတယ်။ ဒီလူသတ်မှုတွေကနေ ထင်ကြေးပေးတာ ကို ရှောင်ကြဉ်ဖို့ သူက တိုက်တွန်းပါတယ်။

သူက “ဒီလူသတ်မှုတွေဟာ အသိုင်းအ၀ိုင်း သို့မဟုတ် ဘာသာရေးဆိုင်ရာ ကိစ္စတွေနဲ့ ဆက်နွယ်ဖြစ်ပွားတယ်လို့ ထင်ကြေးပေးမှန်းဆပြောဆိုချက်တွေ မလုပ်ဆောင်ကြဘဲ ရှောင်ကြဉ်ကြဖို့ အများပြည်သူကို ကျနော်တို့ တိုက်တွန်းပါတယ်” လို့ ပြောပါတယ်။

အခင်းဖြစ်ပွားမှုတွေဟာ လက်စားခြေမှု၊ ကိုယ်ရေးကိုယ်တာ အငြိုးအတေး၊ မိသားစု ပြဿ နာနဲ့ အကြွေးကိစ္စတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013