DVB Logo
Home
နိုင်ငံတကာ
ရုရှားက အသံထက်မြန်သည့် ဒုံးကျည်စနစ်ကို ဘယ်လာရုစ်တွင် ချထား
DVB
·
December 30, 2025
ရုရှားက အသံထက်မြန်သည့် ဒုံးကျည်စနစ်ကို ဘယ်လာရုစ်တွင် ချထား
Donate to DVB

ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ရုရှားရဲ့ နျူကလီးယားစွမ်းရည်ရှိ အသံထက်မြန်တဲ့ အိုရက်ရှ်နစ်ခ် ဒုံးကျည်စနစ်ကို ဘယ်လာရုစ်နိုင်ငံမှာ ဖြန့်ကြက်ချထားကြောင်း ဗီဒီယိုကို ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါဟာ ဥရောပတလွှားကို ဒုံးကျည်တွေ ပို့ဆောင်ပေးနိုင်တဲ့ မော်စကိုရဲ့ စွမ်းရည်ကို မြှင့်တင်ပေးတဲ့ ဖွံ့ဖြိုးတိုးတက်မှုတခု ဖြစ်ပါတယ်။

ဂြိုဟ်တုပုံရိပ်တွေကို လေ့လာချက်အရ မော်စကိုဟာ ဘယ်လာရုစ် အရှေ့ပိုင်းရှိ လေတပ်စခန်းဟောင်းတခုမှာ ဒုံးကျည်တွေနဲ့ သူတို့ရဲ့ မိုဘိုင်းလ်လောင်ချာတွေကို ထားရှိဖွယ်ရှိကြောင်း အမေရိကန်သုတေသီ ၂ ယောက်က ပြောကြားခဲ့ပါတယ်။

သမ္မတ ဗလာဒီမာပူတင်ရဲ့ ခိုင်မာတဲ့ မဟာမိတ်တယောက်ဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရနဲ့ ဆွေးနွေးမှုတွေကိုလည်း စတင်ခဲ့တဲ့ ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုဟာ အလယ်အလတ်ပစ် ဒုံးကျည်ကို ဖြန့်ချထားမှာဖြစ်ကြောင်း အခုလအစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက် ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာ ဒုံးကျည်စနစ်တွေရဲ့ တည်နေရာကို မဖော်ပြပေမဲ့လည်း ရွေ့လျားလောင်ချာတွေနဲ့ သူတို့ရဲ့အဖွဲ့သားတွေ တောလမ်းတွေတလျှောက် မောင်းနှင်နေပြီး အထူးတပ်ဖွဲ့တွေဟာ ဒုံးစနစ်တွေကို ပိုက်ကွန်တွေနဲ့ ဖုံးအုပ်ထားတာကို ပြသထားပါတယ်။

ဗီဒီယိုနောက်ခံထဲမှာ နှင်းတွေ အနည်းငယ်ကျနေချိန်ဖြစ်ပြီး အကြီးတန်းအရာရှိတယောက်က သူ့တပ်ဖွဲ့တွေကို ဒီစနစ်တွေဟာ တိုက်ခိုက်ရေးတာဝန်အဖြစ် တရားဝင်ထားရှိကြောင်းနဲ့ ဒုံးကျည်အဖွဲ့တွေအတွက် ပုံမှန်လေ့ကျင့်မှုနဲ့ ထောက်လှမ်းရေး လုပ်ရိုးလုပ်စဉ်တွေအကြောင်း ပြောဆိုနေပုံတွေကို ပြသထားပါတယ်။

မော်စကိုဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ယူကရိန်းနိုင်ငံရှိ ပစ်မှတ်တခုကို သမားရိုးကျ လက်နက်တပ်ဆင်ထားတဲ့ အိုရက်ရှ်နစ်ခ်ကို စမ်းသပ်ပစ်ခတ်ခဲ့ပြီးတော့ အသံမြန်နှုန်းထက် ၁၀ ဆ ကျော်လွန်တဲ့ အလျင်တွေကြောင့် ကြားဖြတ်တိုက်ခိုက်ဖို့ မဖြစ်နိုင်ကြောင်း ပူတင်က ကြွားဝါခဲ့ပါတယ်။

အခုလို လက်နက်တွေ ဖြန့်ချထားမှုဟာ စစ်ပွဲတခု ဖြစ်လာခဲ့ရင် ရုရှား နျူကလီးယား ဒုံးကျည်တွေဟာ ဥရောပပစ်မှတ်တွေဆီ ရောက်ရှိဖို့ အနည်းငယ် ပိုမိုမြန်ဆန်စေမယ်လို့ အနောက်တိုင်းကျွမ်းကျင်သူတချို့က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013