DVB Logo
Home
မြန်မာသတင်း
ဖာပွန်ဗျူဟာမကျရေး စစ်တပ်က လေကြောင်းဗုံကြဲတိုက်ခိုက်
DVB
·
December 30, 2025
ဖာပွန်ဗျူဟာမကျရေး စစ်တပ်က လေကြောင်းဗုံကြဲတိုက်ခိုက်
Donate to DVB

ဖာပွန်ဗျူဟာကို ပုံမှန် ဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ခိုက်နေတာကြောင့် ဗျူဟာမကျရေးအတွက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့  တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။ 

ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် ခမရ ၃၄၀၊ ခမရ ၃၄၁ ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အင်အားဖြည့်တင်းထားတဲ့ ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်ကစပြီး ဝိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။ 

ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်ကောင်စီရဲ့ တခုတည်းကျန်ရှိနေတဲ့ ဗျူဟာမကျရေး နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“သတင်းတွေက မဟုတ် မမှန်ဘူးနော်။ သတင်းမှာ တင်ထားတာတွေ တွေ့တယ်။ ဖာပွန်ကို အထူးစစ်ဆင်ရေးတရပ်အနေနဲ့ ဝင်ပြီး တိုက်တာတော့ မရှိဘူး။ ပုံမမှန်အတိုင်းပဲ နွေရောက်လာလို့ အရင် နှစ်လိုပဲ ပုံမှန်အတိုင်း တဖက်နဲ့တဖက် ပစ်ကျတာပဲရှိတယ်။  အထူးစစ်ဆင်ရေးတရပ်အနေနဲ့ ဝင်တိုက်တာ မရှိဘူး။ ဟိုဘက်ကလည်း၊ ပစ် ဒီဘက်ကလည်း ပစ်ဆိုတော့  လေယာဉ်ပျံတွေက တအားလာပြီးတော့ ဗုံးကြဲတာတို့ ပစ်တာတို့ ဘာတို့ရှိတယ်။ နေ့တိုင်းလိုလိုပဲ။ တခါတလေ နေ့ကော ညကော လာပြီးတော့ လေယာဉ်ပျံနဲ့ လာပစ်တယ်။ အဲဒါကျတော့ သူတို့ စခန်းတွေမကျရေးအတွက် သူတို့လာပြီးတော့ ပစ်ကူပေးတဲ့ သဘောပဲ။ ဒီစခန်းကတော့ အခုထက်ထိတော့ ပုံမှန်အတိုင်းပဲ သူတို့ ရှိနေတုန်းပဲ။” 

ဒါ့အပြင် စစ်ကောင်စီက ဆုံးရှုံးထားတဲ့ ဖာပွန်မြို့အပါအဝင် တပ်စခန်းတွေကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ မြေပြင် ဝေဟင်ပစ်ကူရယူပြီး ဝါးဒူးကျေးရွာကနေ စစ်ကြောင်းထိုးနေပါတယ်။ 

ဒါပေမဲ့ ၄ လကျော် ကြာမြင့်လာတဲ့အထိ ရှေ့ဆက်တိုးမရဘဲ ထိခိုက်ကျဆုံးသူများပြီး ပြန်လည်ဆုတ်ခွာနေရပါတယ်။ 

ဒါကြောင့် DKBA နဲ့ BGF တပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ ပေါင်းပြီး သူတို့အကျိုးအမြတ်အတွက် တိုက်ခိုက်နေတာလို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “ဗိုလ်ဘိတို့ အခြေစိုက်ထားတဲ့အဖွဲ့တွေက သွားသွားပြီးတော့ တိုက်နေတာက ကြာပြီလေ။  အဓိက တိုက်ရတဲ့အကြောင်းအရင်းကတော့ ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင်တော့ ဒီသဘာဝသယံဇာတနဲ့ အဓိက ပတ်သက်တယ်လို့ ကျနော်တို့ကမြင်တယ်။ နောက်တခုက တဖက်မှာ BGF ဆိုလိုရှိရင် စစ်ကောင်စီ ရှိတဲ့အခါကျတော့ တကယ်လို့တာ အဲဒီနယ်မြေ စိုးမိုးလို့ရမယ်၊ ဝင်လို့ရမယ်ဆိုလိုရှိရင် အဲဒီမှာရှိတဲ့ သဘာဝ သယံဇာတ ရွှေတူးဖော်ရေ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှ စစ်ကောင်စီနဲ့ ပေါင်းပြီး သူတို့အကျိုးအမြတ်တွေ ရနိုင်တဲ့အကွက်အကွင်းတခုဖြစ်တယ်။ အဲအတွက်ကြောင့် သူတို့အဓိကထားပြီတော့ တိုက်နေတယ်လို့ ယူဆရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့ အနီးအနားကျေးရွာတွေက ဒေသခံပြည်သူ ၁ သောင်းနီးပါးဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ   ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

စစ်ရှောင်ပြည်သူတွေဟာ စစ်‌ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ နေထိုင်စားသောက်ရေးလည်း အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013