DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ်တသက်အမိန့်ချ
DVB
·
December 30, 2025
သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ်တသက်အမိန့်ချ
Donate to DVB

အသက် ၅ နှစ်အရွယ် မိန်းမငယ်လေးတယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်က ဦးကျော်နိုင်ကို ဒီဇင်ဘာ ၂၄ ရက်မှာ သထုံခရိုင်တရားရုံးက ထောင်ဒဏ်တသက် အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အရင်ကလည်း မုဒိမ်းမှုနဲ့ အမှုရင်ဆိုင်နေရပြီး ပြန်လည်လွတ်မြောက်လာချိန် သက်ငယ်မုဒိမ်းမှု ထပ်မံကျူးလွန်တာကြောင့် ပုဒ်မ ၃၇၆ အရ ဦးကျော်နိုင်ကို ထောင်ဒဏ်တသက် အမိန့်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က  DVB ကို ပြောပါတယ်။

“သူက အရင်ကလည်း ၃၇၇ နဲ့ အမှုရင်ဆိုင်ဖူးတယ်။ အဲဒီအမှုက လွတ်ပြီးမကြာဘူး၊ အိမ်နီချင်း ကလေးမလေးကို မုဒိမ်းကျင့်တယ်။ မိဘတွေက သိပြီးတိုင်မှ အဖမ်းခံရတာ။ အမှုဖြစ်တာ ၈ လလောက်ရှိပြီ။ ဒီဇင်ဘာလ ၂၄ ရက်က ပုဒ်မ ၃၇၆ ပိုဒ်ခွဲ ၃ အရ ထောင်ဒဏ်တသက် အမိန့်ချလိုက်တာ။ ထောင်တသက်ဆိုတာက လွတ်ငြိမ်းချမ်းသာပေးလည်း အဲလိုလူတွေမပါဘူး။”

၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက်က ပေါင်မြို့နယ်၊ ကဒါရပ်ကွက်မှာ ဒီအမှုဖြစ်ခဲ့ပြီးနောက်  ကလေးမိဘတွေက ဧပြီ ၁၆ ရက်မှာ ပေါင်မြို့မရဲစခန်းမှာ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း သံဖြူဇရပ်မြို့နယ် ရသေ့တောင်မှာ အသက် ၁၁ နှစ် ကလေးငယ်ကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တဲ့ ဦးနိုင်ဝင်းကို DKBA က ဖမ်းဆီးပြီး သံဖြူဇရပ်မြို့မရဲစခန်းမှာ သက်ငယ်မုဒိမ်းမှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အတွင်း မြန်မာနိုင်ငံတဝန်း မုဒိမ်းမှု စုစုပေါင်း ၃,၀၉၄ မှု ဖြစ်ခဲ့ပြီး အဲဒီထဲမှာ ၁,၁၁၇ မှုက အရွယ်ရောက်ပြီးသူတွေ ကျူးလွန်ခံရတာဖြစ်ပြီး ၁,၉၇၇ မှုက သက်ငယ်မုဒိမ်းမှုတွေ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ် မုဒိမ်းမှု ၉၆၉ မှု မှာ သက်ငယ်မုဒိမ်းမှု ၅၇၂ မှု၊ ၂၀၂၂ ခုနှစ် မုဒိမ်းမှု ၈၆၀ မှုမှာ သက်ငယ်မုဒိမ်းမှု ၆၂၇ မှု၊ ၂၀၂၃ ခုနှစ် မုဒိမ်းမှု ၇၀၅ မှုမှာ သက်ငယ်မုဒိမ်းမှုက ၄၄၅ မှု၊ ၂၀၂၄ ခုနှစ် မုဒိမ်းမှု ၅၆၀ မှာ သက်ငယ်မုဒိမ်းမှု  ၃၃၃ မှု ရှိကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013