
ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဘူအူဘိုင်ဒါနဲ့ ဂါဇာအကြီးအကဲ မိုဟာမက် ဆင်းဝါတို့ အခုနှစ်အစောပိုင်းက ဂါဇာစစ်ပွဲမှာ သေဆုံးခဲ့တယ်လို့ ဟားမတ်စ်က ဒီဇင်ဘာ ၂၉ရက်မှာ အတည်ပြုပါတယ်။
အစ္စရေးစစ်တပ်က မေလမှာ ဟားမတ်စ်ခေါင်းဆောင်ဟောင်း ယာယာဆင်းဝါရဲ့ ညီငယ် ဆင်းဝါကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ ၃ လအကြာမှာ အဘူအူဘိုင်ဒါကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟားမတ်စ်ပြောရေးဆိုခွင့်ရှိသူအသစ်က “ဒီနေ့ ကျနော်တို့က ကျနော်တို့ရဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် သူ့ရဲ့ နာမည်အစစ်နဲ့ ဘွဲ့တွေကို ဖော်ထုတ် ဝမ်းနည်းကြေကွဲရပါတယ်။ ဆယ်စုနှစ် ၂ ခုကြာ ရန်သူတွေကို နှိုးဆွပြီး ယုံကြည်သူတွေရဲ့ နှလုံးသားကို ဝမ်းမြောက်စေခဲ့တဲ့ ကြီးကျယ်တဲ့ခေါင်းဆောင် အဘူအီဘရာဟင်ဟာ ကွယ်လွန်သွားခဲ့ပြီ၊ သူဟာ ကာဆမ် မီဒီယာစနစ်ကို ကြီးမားတဲ့ အရည်အချင်းနဲ့ ဦးဆောင်ပြီးတဲ့နောက် ထွက်ခွာသွားခဲ့တယ်”လို့ ပြောပါတယ်။
Source: Reuters











