DVB Logo
Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် မဲခေါင်ထိပ်သီးအစည်းအဝေး တက်ရောက်မည်
DVB
·
December 16, 2014
သမ္မတဦးသိန်းစိန် မဲခေါင်ထိပ်သီးအစည်းအဝေး တက်ရောက်မည်
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ၅ ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ မကြာခင် ထိုင်းနိုင်ငံကို သွားရောက်မယ်လို့ မြန်မာအစိုးရက တရားဝင်ထုတ်ပြန်ကြေညာ ထားပါတယ်။

[caption id="attachment_73954" align="alignright" width="459"]၄ ကြိမ်မြောက် မဲခေါင်ထိပ်သီးအစည်းအဝေးကို ၂၀၁၁ ဒီဇင်ဘာလက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပစဉ် ၄ ကြိမ်မြောက် မဲခေါင်ထိပ်သီးအစည်းအဝေးကို ၂၀၁၁ ဒီဇင်ဘာလက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပစဉ်[/caption]

မဲခေါင်ဒေသမှာ အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင်ဖို့ခေါင်းစဉ်နဲ့ ကျင်းပမယ့် မဲခေါင်ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာလ ၁၉ ရက်ကနေ ၂၀ ရက်ထိ ဘန်ကောက်မြို့က ရှန်ဂရီလာဟိုတယ်မှာ ၂ ရက်ကြာ ကျင်းပမှာပါ။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ ၆ နိုင်ငံက နိုင်ငံ ခေါင်းဆောင်အဆင့်နဲ့ ၀န်ကြီးအဆင့် ပုဂ္ဂိုလ်တွေနဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) အကြီးအကဲတို့ပါဝင်တဲ့ စီးပွားရေးဖိုရမ်၊ ရင်းနှီးမြှုပ်နှံမှုဖိုရမ်ဆွေးနွေးပွဲတွေ အပြင် ဒေသတွင်းက လူငယ်တွေပါဝင်မယ့် လူငယ်ဖိုရမ်ဆွေးနွေးပွဲလည်း ကျင်းပမှာဖြစ်ပါတယ်။

ဆွေးနွေးမယ့် အစီအစဉ်တွေထဲမှာတော့ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင် အကောင်အထည်ဖော်ရေးအစီအစဉ် (၂၀၁၄-၂၀၁၈)ကို အတည်ပြုဖို့၊ ပြီးခဲ့တဲ့ အကြိမ် ထိပ်သီး အစည်းအဝေးတုန်းက ချမှတ်ခဲ့တဲ့ မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေကို ပြန်လည်သုံးသပ်အကဲဖြတ်ဖို့ စတဲ့ကိစ္စတွေ ပါဝင်ပါတယ်။

ထိုင်းနိုင်ငံက ပို့ဆောင်ရေး ဒုဝန်ကြီး အာခွမ် တမ်ပစ်တရာပိုင်ဆစ်က ၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း ၂၁၅ ခုကို အတည်ပြုမှာဖြစ်ပြီး ဒီထဲကမှ စီမံကိန်း ၁၂၃ ခုဟာ ရင်းနီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၅၁ဒသမ ၃ ဘီလျံ ရှိတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ကတော့ အဓိကအားဖြင့် သယ်ယူပို့ ဆောင်ရေး အခြေခံ အဆောက်အဦ တည်ဆောက်ရေး အပါအ၀င် စီမံကိန်း ၇၈ ခုမှာ ပါဝင်တယ်လို့ဆိုပါတယ်။
မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) အဖွဲ့ကို မဲခေါင်ဒေသနိုင်ငံတွေ အကြား စိုက်ပျိုးရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ရင်းနှီးမြှုပ်နှံမှု၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦတွေနဲ့ ကုန်သွယ်ရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့ အေဒီဘီရဲ့ အကူအညီနဲ့ ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၄ ကြိမ်မြောက် မဲခေါင်ထိပ်သီးအစည်းအဝေးကိုတော့ ၂၀၁၁ ဒီဇင်ဘာလက မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်မှာ လက်ခံကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013