DVB Logo
Home
မြန်မာသတင်း
ငါးဖမ်းလှေ လုပ်သားများ၏ ဘ၀ကို သိရှိနားလည်ရန် ဘန်ကောက်တွင် ပြပွဲ ပြုလုပ်
DVB
·
December 16, 2014
ငါးဖမ်းလှေ လုပ်သားများ၏ ဘ၀ကို သိရှိနားလည်ရန် ဘန်ကောက်တွင် ပြပွဲ ပြုလုပ်
1 / 2
Donate to DVB

နှစ်စဉ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အသံများရဲ့ခရီးစဉ် Journey of Voices အမည်ရ ပြပွဲတစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်ယဉ်ကျေးမှု အနုပညာဗဟိုဌာနမှာ ဒီကနေ့ စတင်ဖွင့်လှစ် ကျင်းပနေပါတယ်။

port-smallမြန်မာ အပါအ၀င် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘ၀ကို သိရှိနားလည်ပြီး ပေါင်းကူးဆက်ဆံရေး လွယ်ကူစေဖို့ ရည်ရွယ်ပြီး ဒီပြပွဲကို ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၆ ရက်တာ ခင်းကျင်းပြသသွားမယ်လို့ ပြပွဲစီစဉ်တဲ့ Saphan Siang အဖွဲ့က ဆက်သွယ်ညှိနှိုင်းရေးမှူး အားနတ် အာလီ က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ထိုင်းနိုင်ငံမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမားတွေ၊ အခြားအလုပ်သမားနဲ့ ထိုင်းလူမျိုးတွေကြားမှာ နားလည်မှုတွေ ပိုမိုရရှိအောင် နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဒီပြပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ ဘ၀အခက်အခဲ အထူးသဖြင့် ငါးဖမ်းလှေနဲ့ ရေလုပ်ငန်း၊ စက်ရုံအလုပ်ရုံက အလုပ်သမားတွေအကြောင်း သတင်းမှတ်တမ်းဗွီဒီယိုဖိုင်တွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ပကျူတ်ခီရိခန် ခရိုင်ထဲက ငါးဖမ်းလှေကြီးတစ်ခုကိုလည်း အဲဒီပြပွဲမှာ လာရောက် ပြသထားပြီး ပြပွဲလာသူတွေအနေနဲ့ မိမိသဘောထားအမြင်တွေကို လှေကိုယ်ထည်ပေါ်မှာ ရေးထားခဲ့နိုင်ကြောင်း၊ အလုပ်သမားတို့ရဲ့ အမြင်နဲ့ တောင်းဆိုချက်တွေ စုစည်းပြီး မှတ်တမ်း တင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၈ ရက် ညနေမှာ ကျင်းပမှာဖြစ်ပါတယ်။

ဘန်ကောက်အခြေစိုက် Saphan Siang အဖွဲ့ဟာ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်း အလုပ်သမားနဲ့ ထိုင်းအသိုင်းအ၀ိုင်းကြား ပေါင်းကူးဆက်ဆံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့တခုဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်က တည်ထောင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေက လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားပေါင်း ၃သန်းခွဲလောက်ရှိပြီး အနည်းဆုံး ၂ သန်းလောက်ဟာ မြန်မာနိုင်ငံကဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ခန့်မှန်း ထားတာပါ။

ဒီအထဲမှာ ပင်လယ်ပြင်ကိုထွက်တဲ့ ငါးဖမ်းစက်လှေတွေပေါ်မှာ အလုပ်လုပ်ကိုင်နေကြရတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘ၀ဟာ ခက်ခဲပင်ပန်းကြမ်းတမ်းပြီး လူကုန်ကူးခံရတာ ညှဉ်းပန်း နှိပ်စက် ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရလေ့ရှိတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013