DVB Logo
Home
နိုင်ငံတကာ
ဂျပန် ရော်ဘာစက်ရုံအတွင်း ဓားဖြင့် တိုက်ခိုက်မှု လူ ၁၅ ဦး ဒဏ်ရာရ
DVB
·
December 27, 2025
ဂျပန် ရော်ဘာစက်ရုံအတွင်း ဓားဖြင့် တိုက်ခိုက်မှု လူ ၁၅ ဦး ဒဏ်ရာရ
Donate to DVB

ဂျပန်နိုင်ငံအလယ်ပိုင်း ရှီဇူအိုကာစီရင်စု မိရှိမာ့မြို့မှာရှိတဲ့ ယိုကိုဟားမား ရော်ဘာစက်ရုံတရုံမှာ ဒီဇင်ဘာ ၂၆ ရက်က အမျိုးသားတယောက်က ဓားနဲ့ လူအများအပြားကို တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဂျပန်ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

အဖြစ်အပျက်ဖြစ်ပွားပြီးနောက် စက်ရုံအတွင်းကို အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေ ချက်ချင်း ရောက်ရှိနေကြပါတယ်။

အစိုးရပိုင်ရုပ်သံလိုင်း NHK ရဲ့ အဆိုအရ တိုက်ခိုက်မှု ဖြစ်ပွားနေချိန်အတွင်း အမျိုးအမည် အတိအကျ မသိရသေးတဲ့ အရည် တမျိုးကိုလည်း ပက်ဖျန်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဓာတ်ငွေ့ကာ မျက်နှာဖုံးလိုမျိုးထင်ရတဲ့ ပစ္စည်းကို ဝတ်ဆင်ထားတဲ့ အသက် ၃၈ နှစ် အရွယ် အမျိုးသားတယောက်ကို လူသတ်ရန် ကြံစည်မှု သံသယနဲ့ ရဲတပ်ဖွဲ့တွေက အခင်းဖြစ်ပွားရာ နေရာမှာပဲ ဖမ်းဆီးခဲ့တယ်လို့ NHK သတင်းဌာနက ဆိုပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ၈ ယောက်ဟာ ဓားနဲ့ ထိုးခံရတာဖြစ်ပြီး နောက်ထပ် ၆ ယောက်ကတော့ သူတို့ပေါ်ကို အရည်တခုခု လောင်းခံရတယ်လို့ ယူဆရကြောင်းလည်း NHK က ဖော်ပြထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013