DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ကို လျှို့ဝှက်အချက်အလက်ပေးခဲ့သူ ရုရှားသံတမန်ဟောင်း ထောင် ၁၂ နှစ် ချခံရ
DVB
·
December 27, 2025
အမေရိကန်ကို လျှို့ဝှက်အချက်အလက်ပေးခဲ့သူ ရုရှားသံတမန်ဟောင်း ထောင် ၁၂ နှစ် ချခံရ
Donate to DVB

အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေကို လျှို့ဝှက်အချက်အလက်တွေ ပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုရှားသံတမန်ဟောင်း တယောက်ကို မော်စကိုတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ် လိုက်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မော်စကိုရှိ တရားရုံးတရုံးဟာ ရုရှားသံတမန်ဟောင်း အာဆီးညီ ကိုနိုဗာလော့ဗ်ကို အမေရိကန်မှာ တာဝန်ထမ်းဆောင်နေခဲ့စဉ်အတွင်း အမေရိကန် ထောက်လှမ်းရေးဆီ လျှို့ဝှက်ချက်တွေ ရောင်းချခဲ့တယ်ဆိုတဲ့အမှုနဲ့ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပြောပါတယ်။

FSB ရဲ့ ပြောကြားချက်အရ ၁၉၈၇ ခုနှစ် မွေးဖွားခဲ့တဲ့ အာဆီးညီ ကိုနိုဗာလော့ဗ်ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပြီး ဆိုဗီယက်ခေတ် KGB ထောက်လှမ်းရေး အဖွဲ့ကို အဓိက ဆက်ခံသူဖြစ်တဲ့ FSB ထောက်လှမ်းရေးဌာနက အတည်ပြုခဲ့ပါတယ်။

FSB က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ “ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း တဦးဖြစ်သူ A.S. ကိုနိုဗာလော့ဗ်ဟာ အမေရိကန်ပြည်ထောင်စုမှာ နှစ်ရှည် တာဝန်ကျနေချိန်အတွင်း ငွေကြေး အတွက် အမေရိကန်ထောက်လှမ်းရေးကို လျှို့ဝှက်အချက်အလက်တွေကို လိုလိုလားလား လွှဲပြောင်း ပေးခဲ့ကြောင်း သက်သေပြနိုင်ခဲ့တယ်” လို့ ဖော်ပြထားပါတယ်။

ရုရှားရဲ့ တန်ပြန်ထောက်လှမ်းရေးကို ဦးဆောင်နေတဲ့ FSB ဟာ ၂၀၂၄ ခုနှစ် မတ်လမှာ ကိုနိုဗာလော့ဗ်ကို ဖမ်းဆီးခဲ့ပြီး ဗင်ကားနဲ့ ခရီးသွားနေစဉ် ဖမ်းဆီးထားတဲ့ ဗီဒီယိုကို TASS သတင်းဌာနက ထုတ်လွှင့်ခဲ့သလို နိုင်ငံတော်ပုန်ကန်မှုနဲ့ သံသယရှိကြောင်းလည်း ပြောကြား ခဲ့ပါတယ်။

ဒါပေမဲ့ ကိုနိုဗာလော့ဗ် ဟာ အမေရိကန်ထောက်လှမ်းရေးကို ဘယ်လို လျှို့ဝှက်အချက်အလက်တွေ ပေးပို့ခဲ့တယ်ဆိုတာ၊ ဒါမှမဟုတ် ဘယ်အမေရိကန် ထောက်လှမ်းရေးအေဂျင်စီနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ FSB ဘက်က အသေးစိတ် မဖော်ပြခဲ့ပါဘူး။ ဒီအမှုနဲ့ ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေကလည်း ချက်ချင်း တုံ့ပြန် မှတ်ချက်ပေးတာ မရှိသေးပါဘူး။

ရုရှားနိုင်ငံထုတ် “ကွန်မားဆန့်” သတင်းစာရဲ့ ဖော်ပြချက်အရတော့ ကိုနိုဗာလော့ဗ် ဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု ဟူစတန်မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးမှာ ဒုတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013