DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေးနှုန်း အနည်းငယ်ပြန်လည် ကျဆင်း
DVB
·
December 27, 2025
စက်သုံးဆီဈေးနှုန်း အနည်းငယ်ပြန်လည် ကျဆင်း
Donate to DVB

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီဈေးတွေ တလီတာကို ကျပ် ၂၅၀၀ အောက်ကို ပြန်လည်ကျဆင်းလာခဲ့ပြီး ဒီဇယ်ဈေးတွေလည်း တလီတာကို ကျပ် ၂၆၀၀ အောက်ကို ပြန်ကျဆင်းလာ ပါတယ်။  

စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဒီဇင်ဘာ ၂၆ ရက် ရန်ကုန် ပေါက်ဈေးအဖြစ် အောက်တိန်း 92 တလီတာကို ၂၄၃၅ ကျပ်၊ အောက်တိန်း 95 တလီတာကို ၂၄၆၀ ကျပ်၊ ဒီဇယ်တလီတာကို ၂၁၄၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တလီတာကို ၂၅၈၅ ကျပ်အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့တာပါ။

အခုလ ပထမပတ်အထိ ကျပ် ၃၀၀၀ အထက်မှာ ရှိခဲ့တဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာဈေးဟာ အခုအခါ သီတင်းပတ် ၃ ပတ်အတွင်း ကျပ် ၂၆၀၀ အောက် ဈေးတန်းကို ပြန်လည် ကျဆင်းလာခဲ့ ပါတယ်။

ဓာတ်ဆီဈေးတွေကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယပတ်ထိ တလီတာကို ကျပ် ၃၀၀၀ ဝန်းကျင်မှာ ရှိခဲ့တာပါ။ ၄ လတာ ကာလအတွင်းမှာ ပြည်တွင်း ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေက တလီတာကို အနည်းဆုံး ကျပ် ၄၀၀ ကနေ ၅၆၀ ကျပ်အကြား၊ ရာခိုင်နှုန်းအနေနဲ့ ၁၆ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိ ပြန်လည်ကျဆင်းလာခဲ့ ပါတယ်။

စက်သုံးဆီစျေးတွေကျဆင်းလာပေဲ့ အ‌‌ထွေထွေ ကုန်ဈေးနှုန်းနဲ့  တက္ကစီ ငှားရမ်းခတွေနှုန်းတွေက ပြန်မကျသေးဘဲ မြင့်တက်နေဆဲပဲလို့ ရန်ကုန်မြို့နေ ထိုင်သူတွေကပြောပါတယ်။

ရန်ကုန်မြို့ခံတယောက်က “ဆီဈေးကျလည်း ချဥ်ပေါင်ရွက်ကအစ ဈေးတက်တုန်း ဘာမှပြန်မကျဘူး။ တက္ကစီခတွေဆိုလည်း မိုးထိုးနေတာပဲ” လို့ ပြောပါတယ်။

လက်ရှိမှာ ဒေါ်လာလဲလှယ်နှုန်းထားကလည်း တဒေါ်လာကို ကျပ် ၄,၀၀၀ အောက်ထိ ပြန်ကျဆင်းနေပေမဲ့ ဆေးဝါး အပါအဝင် တက်ပြီးသားကုန်ဈေးနှုန်းတွေ ပြန်မကျတဲ့ ဒဏ်ကို ပြည်သူတွေ ခံစားနေရတာပါ။

ဒီဇင်ဘာ ၂၄ ရက်က စစ်ကောင်စီဗဟိုဘဏ်ဟာ အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်က တဆင့် စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်း ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013