
ဘိုလီးဗီးယားနိုင်ငံဟာ စက်တင်ဘာ ၂ ရက်က အမေရိကန်ကနေ စစ်ရေးအကူအညီတွေ လက်ခံ ရရှိခဲ့ပြီး အဲဒီထဲမှာ အမေရိကန်လေတပ်ရဲ့ C-17 စစ်လေယာဉ်ကြီးနဲ့ တင်ပို့ပေးခဲ့တဲ့ ဘိုလီးဗီးယား စစ်တပ်အတွက် ရိက္ခာခြောက် အထုပ် ၂,၅၀ဝ နဲ့ ကာကွယ်ရေး ဒိုင်း အခု ၁,၀၀၀ ပါဝင်ပါတယ်။
ပစ္စည်းလွှဲပြောင်းပေးအပ်ပွဲကို အယ်လ်အာလ်တို လေယာဉ်ကွင်းပြေးလမ်းပေါ်မှာ ပြုလုပ်ခဲ့ပြီး ဘိုလီးဗီးယားကာကွယ်ရေးဝန်ကြီး အာနက်စတိုဂျက်စတီနီယာနိုနဲ့ ဘိုလီးဗီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ အကြံပေး ဝန်ကြီး အာမန်ဒါ ပေါ်တာတို့ တက်ရောက်ကြပါတယ်။
ဒီပံ့ပိုးကူညီမှုဟာ ဘိုလီးဗီးယားတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ပေးလိမ့်မယ်လို့ ဘိုလီးဗီးယား ကာကွယ်ရေးဝန်ကြီး ဂျက်စတီနီယာနိုက ပြောပါတယ်။
အမေရိကန်သံရုံးမှ အကြံပေး ဝန်ကြီးပေါ်တာကလည်း ဒီကူညီထောက်ပံ့မှုတွေဟာ ၂ နိုင်ငံ ဆက်ဆံရေးရဲ့ သင်္ကေတတခုဖြစ်ပြီး "မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးမှာ အမေရိကန်တို့အတွက် အရေးပါတဲ့ ဝမ်းသာစရာ အကူအညီတရပ်ဖြစ်တယ်" လို့ ပြောပါတယ်။
ဒီထောက်ပံ့မှုဟာ Shield of the Americas အစီအစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အမေရိက တိုက်ရှိ နိုင်ငံတွေကြား လုံခြုံရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို ညှိနှိုင်းပေးတဲ့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ယန္တရားတခု ဖြစ်ပါတယ်။
ဘိုလီးဗီးယားနိုင်ငံဟာ အဲဒီအစီအစဉ်ကို စတင်တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
Source:Reuters











