
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ PPP ပါတီမြို့နယ်ရုံးကို ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်မှာ Yangon Amry မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့နဲ့ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြင်းအားမြင့် မိုင်း ၂ လုံး၊ လက်ပစ်ဗုံး တလုံးတို့နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
PPP ပါတီဝင်တွေနဲ့ ပျူစောထီး အဖွဲ့တွေ အရက်ဝိုင်းဖွဲ့မူးယစ် သောက်စားနေတဲ့အချိန်မှာ တိုက်ခိုက်ခဲတာဖြစ်ပြီး ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
Yangon Army မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “အကြမ်းဖက်စစ်တပ်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲမှာပါဝင်ပြီး စစ်တပ်အလိုကျလုပ်ဆောင်ပေးနေလို့ သွားရောက်တိုက်ခိုက်ခဲ့တာ၊ ထိခိုက်မှုတွေရှိဖို့များတယ်။ လုံခြုံရေးအရ ထိခိုက်မှု အတိအကျမသိရနိုင်ဘူး၊ ပစ်မှတ်ကိုတော့ ထိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ်မှတ်တွေနဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင်လုပ်ကိုင်နေသူတွေကို ဆက်လတ်ပြီး အပြင်းအထန် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကလည်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ကျောက်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးမှာ အုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်ပျူစောထီးတွေ တရားမဝင် ရွေးကောက်ပွဲအတွက် အစည်းဝေးပြုလုပ်နေစဉ် ပြင်းအားမြင့် မိုင်း ၂ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သေးတယ်လို့ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Poto YA










