DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြန်စမည်
DVB
·
December 15, 2014
တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြန်စမည်
Donate to DVB

ပစ်ခတ်မှုတွေကြောင့် ဒီနှစ်ထဲမှာ မလုပ်နိုင်တော့ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ဘက်က ပြောဆိုထားတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး ဆွေးနွေးကို လာမယ့် သီတင်းပတ်အတွင်း ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

NCCT and MPC at CM 15122014ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ဖို့ အစိုးရငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့နဲ့ အန်စီစီတီ (တပြည်လုံးအပစ်ခတ်ရပ်ရေး တိုင်းရင်းသားလက်နက်ကိုင် အလုပ်အဖွဲ့)က ကိုယ်စားလှယ်တွေ ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက ချင်းမိုင်မြို့မှာ ၂ နာရီကြာ ညှိနှိုင်းပြီး ဒီနှစ် ခရစ်စမတ် မတိုင်ခင် ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူ ဦးလှမောင်ရွှေက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“ရန်ကုန်မှာရှိတဲ့ ငြိမ်းချမ်းရေးစင်တာမှာ ဘယ်နေ့မှာ ဆွေးနွေးပွဲတွေ ဆောင်ရွက်နိုင်မလဲ ဆိုတာကို ကျနော်တို့ လာပြီးတော့ ညှိနှိုင်းတာပါ။ ခရစ်စမတ်မတိုင်ခင် ဆွေးနွေးပွဲ သေချာပေါက် လုပ်နိုင်မယ်ဆိုတာကို ဒီကနေ့ ကျနော်တို့ရခဲ့တယ်။ ၂၀ ရက်နေ့နောက်ပိုင်း ဖြစ်ဖို့များပါတယ်။ ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ ၀န်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ယူပီဒဗလျူစီနဲ့ ဦးနိုင်ဟံသာတို့၊ ဖဒိုစောကွယ်ထူးဝင်းတို့ဦးဆောင်တဲ့ အန်စီစီတီအဖွဲ့တို့ ၂ ရက်တာ ဆွေးနွေးကြမှာပါ။ ခေါင်းစဉ်ကို တိုင်းရင်းသားတွေဘက် ‘လုပ်ငန်းညှိနှိုင်းပွဲ’ လို့ အဆိုပြုပါတယ်။ အန်စီစီတီ ဘက်က တက်ရောက်မယ့် သူစာရင်းတွေကို မနက်ဖြန်မှာ ၀န်ကြီးဦးအောင်မင်းဆီ စာရင်းပို့ပါ လိမ့်မယ်။”

အခုလို အဲန်စီစီတီ နဲ့ အစိုးရကြား အပစ်ခတ်ရပ်ရေးညှိနှိုင်းဆွေးနွေးနေကြပေမယ့်လည်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ ပစ်ခတ်မှုတွေ ပြင်းထန်နေတဲ့အပေါ်မှာ ဦးလှမောင်ရွှေ က ခုလိုပြောသွားပါတယ်။

“ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်သွားနေတဲ့ အချိန်အတွင်းမှာ ခုလိုအတက်အကျဆိုတာလည်း ရှိနိုင်ပါတယ်။ အခက်အခဲဆိုတာလည်းရှိမယ်။ ဆွေးနွေးပွဲအဖြေမထွက်ခင် အချိန်တွင်းမှာတော့ ဒီလိုပြသနာတွေကို ကြုံနိုင်ပါတယ်။ အဲဒီပြဿ နာမျိုးတွေ လျှော့ချနိုင်ဖို့ ကျနော်တို့ ဆွေးနွေးပွဲတွေကို လုပ်ဖို့လိုတဲ့ သဘောပါဘဲခင်ဗျ။”

ဒီကနေ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးစင်တာဘက်က ဦးလှမောင်ရွေ ဦးဆောင်တဲ့ အဖွဲ့ဝင် ၅ ဦး၊ အန်စီစီတီဘက်က နိုင်ဟံသာ၊ ဖဒိုစောကွယ်ထူးဝင်း၊ ဦးခွန်ဥက္ကာ၊ ဗိုလ်ချုပ်ဂွန်မော် စတဲ့ ခေါင်းဆောင်တွေပါ စုစုပေါင်း ၁၂ ဦးနဲ့ အလုပ်အဖွဲ့တွေပါ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013