DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် ကိန်းဂဏန်းများ
DVB
·
December 25, 2025
စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် ကိန်းဂဏန်းများ
Donate to DVB

အာဏာသိမ်းစစ်တပ်က ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂၀၂၅ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ ကိန်းဂဏန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က အရပ် သားအုပ်ချုပ်ရေးဆီ ပြန်လည်ကူးပြောင်းမယ်လို့ ဆိုထားတဲ့ အထွေထွေရွေးကောက်ပွဲ ပထမပိုင်း မဲပေးမှုတွေကို အခုလာမဲ့  ဒီဇင်ဘာ ၂၈ ရက်မှာ စတင်သွားတော့မှာ ဖြစ်ပါတယ်။

၄ ကြိမ် - လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ရွေးကောက်ပွဲ ၄ ကြိမ် ကျင်းပခဲ့ပေမဲ့ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာသာ  ရွေးကောက်ခံ အစိုးရတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း စစ်တပ်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သလိုပဲ နှစ်ပေါင်း ၂၀ အကြာမှာ လျစ်လျူရှုပြီး နောက်ဆုံးမှာ ပယ်ဖျက်ခဲ့တာကို တွေ့ရပါတယ်။

၄,၉၆၃ ဦး - အခုရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့  ကိုယ်စားလှယ်လောင်း အရေအတွက် ဖြစ်ပါတယ်။

၆ ပါတီ နှင့် ၅၁ ပါတီ - စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ တည်ဆဲ နိုင်ငံရေးပါတီစာရင်းအရ တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၆ ပါတီနဲ့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီ ရှိပါတယ်။

ပါတီပေါင်း ၄၀ - ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ ပျက်ကွက်တာ ကြောင့် ဖျက်သိမ်းခံခဲ့ရတဲ့ နိုင်ငံရေးပါတီ အရေအတွက်ဖြစ်ကာ အဲဒီထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက ဖြုတ်ချအာဏာဖယ်ရှားခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလည်း ပါဝင်ပါတယ်။

၁,၀၁၈ ဦ- ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံနီးပါးက  စစ် တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဖြစ်နေပါတယ်။

၂ ကြိမ် - မဲပေးတာကို ပထမပိုင်းအဖြစ် ဒီဇင်ဘာ ၂၈ ရက်နဲ့ ဒုတိယပိုင်းဖြစ် ဇန်နဝါရီ ၁၁ ရက် တို့မှာ ပြုလုပ်ဖို့ သတ်မှတ်ထားပြီး နောက်ထပ်သီတင်းပတ်အနည်း ငယ်အကြာမှာ တတိယပိုင်းကို ထပ်မံပြုလုပ်ဖွယ် ရှိနေတာပါ။။

၂၀၂ မြို့နယ် - မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ၂၀၂ မြို့နယ်မှာသာ ရွေးကောက်ပွဲ ပထမပိုင်းနဲ့ ဒုတိယပိုင်း မဲပေးတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပြီး ပြည်တွင်းစစ်မက် ပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် ကျန်ရှိနေတဲ့ မြို့နယ်တွေမှာ ဘယ်လိုအချိန်မှာ ကျင်းပနိုင်မလဲ မသိရသေးသလို မဲရေတွက်တာတွေနဲ့ ရလဒ်ထုတ်ပြန်ပေးမဲ့ ရက်စွဲတွေကိုလည်း သတ်မှတ်ထားတာမျိုးလည်း မတွေ့ရသေးပါဘူး။

၆၆၄ နေရာ - လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်နေရာ ၆၆၄ နေရာရှိပြီး ပြည်သူ့ လွှတ်တော် (အောက်လွှတ်တော်) မှာ နေရာ ၄၄၀ နဲ့ အမျိုးသားလွှတ်တော် (အထက် လွှတ်တော်) မှာ ၂၂၄ နေရာ ပါဝင်နေပါတယ်။

၂၅ ရာခိုင်နှုန်း - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ်စလုံးရဲ့ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေအတွက် သတ်မှတ်ပေးထားပါတယ်။

ရက်ပေါင်း ၉၀ - ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အသစ်ကို ခေါ် ယူရမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ဥက္ကဋ္ဌတွေကို ရွေးချယ်ပြီး နောက် နိုင်ငံတော်အကြီးအကဲအဖြစ် သမ္မတကို ရွေးချယ်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013