
အမေရိကန်အစိုးရဟာ ကာရစ်ဘီယံဒေသမှာ စစ်ရေးတည်ဆောက်တာတွေ အကြီးအကျယ် ဆက်လုပ်နေပြီး အမေရိကန်ရေတပ် ကုန်တင်သင်္ဘောတစင်းက ဒီဇင်ဘာ ၂၄ ရက်မှာ ပွာတိုရီကိုနိုင်ငံမှာ ဆိုက်ကပ်နေတာကို တွေ့ရပါတယ်။
ရေတပ်က “The Lewis and Clark အဆင့် dry cargo ship” အဖြစ် စာရင်းပြုစုထားတဲ့ USNS Robert E. Peary ကုန်တင်သင်္ဘောဟာ ပွန့်စ် ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတာပါ။
အမေရိကန်ဟာ လေယာဉ်တင်သင်္ဘော၊ တိုက်လေယာဉ်တွေနဲ့ တခြားစစ်သင်္ဘောတွေ အပါအဝင် ကာရစ်ဘီယံဒေသမှာ စစ်အင်အားကို အကြီးအကျယ် စုစည်းထားပါတယ်။
ဒီတည်ဆောက်မှုဟာ မကြာသေးမီလတွေအတွင်း ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုရဲ့ အစိုးရအပေါ် အမေရိကန်အစိုးရက ဖိအားပေးမှု မြင့်တက်လာတာရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံကို အဝင်အထွက်လုပ်တဲ့ ရေနံတင်သင်္ဘောတွေကို သိမ်းဆည်းတာနဲ့ ကမ်းရိုးတန်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတယ်ဆိုတဲ့ သင်္ဘောတွေကို သက်သေအထောက်အထားမပြဘဲ တိုက်ခိုက်ခဲ့လို့ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
Source: Reuters











