DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ ဈေးဆိုင်ကို စစ်တပ်က ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး  ၁ ဦးဒဏ်ရာရ
DVB
·
December 25, 2025
ဘုတလင်မြို့နယ်၌ ဈေးဆိုင်ကို စစ်တပ်က ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး  ၁ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အရှေ့ခြမ်း ကင်းစမ်းရွာလမ်းခွဲကို ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီလောက်မှာ စစ်တပ်က ဝေဟင်ကနေ ဂျိုင်ရိုကော်ပတာ စက်တပ်လေထီးနဲ့  ဗုံးကြဲချလို့ အမျိုးသမီးတယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဂျိုင်ရိုကော်ပတာ ၃ စီး ဟာ နမခစစ်တပ်အတွင်းကနေ တက်လာပြီး ကင်းစမ်းရွာအနီးကို ဗုံးကြဲချသွားလို့ ရွာသားတွေက ပြောပါတယ်။

ကင်းစမ်းရွာသားတယောက်က “ကြဲချတာက ဗုံးသီး ၂ လုံး ကြဲချသွားတာ။‌ ဈေးဆိုင်ရဲ့ ဘေးတဖက်တချက်ကို ကြဲချတာ။ သူတို့ဘာလို့ကြဲချတာလဲတော့ မသိဘူး။‌ ကျနော်တို့ ကင်းစမ်းရွာဘက် သွားတဲ့လမ်းနဲ့ ဘုတလင်-စိုင်ပြင်- ရေဦးလမ်းဆုံက ဈေးဆိုင်ကို ကြဲချတာ။ အသက် ၃၅ နှစ် အရွယ် ဈေးဆိုင်ပိုင်ရှင်ကတော့ နေရာတင် သေဆုံးပြီး သူရဲ့ ယောကျ်ားကတော့ ဒဏ်ရာ ပြင်းထန်ရခဲ့ရတယ်”လို့  ပြောပါတယ်။

သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ဈေးဆိုင်ပိုင်ရှင်လင်မယားဟာ ဘုတလင်မြို့နယ်၊ အုပ်ဖိုရွာက ပြည်သူတွေဖြစ်ပြီး လူစည်ကားရာ လမ်းစုံမှာ ဈေးဆိုင်ဖွင့်ကြတာကို စစ်တပ်က ဗုံးကြဲချသွားတာလို့ သိရပါတယ်။

ဘုတလင်မြို့နယ် စစ်ရေး သတင်းရင်းမြစ်တယောက်က “သူတို့က သာမန် ဈေးဆိုင်ကို ဘာထင်ပြီးကြဲချတာလဲတော့ မသိဘူး။ နမခဘက်က‌နေ ၃ စီးတက်လာပြီး ကြဲချသွားတာ။‌ ဈေးဆိုင်ခန်းလည်း ပျက်စီးသွားတယ်။ ကျနော်တို့ ရှင်းလင်းရေးနဲ့ ကူညီကယ်ဆယ်ရေးတွေ အကုန်လုပ်ပေးထားပါတယ်”လို့ ပြောပါတယ်။

စစ်တပ်က ဘုလင်မြို့နယ်အတွင်းက မောင်းထောင်ရွာကိုလည်း ဒီဇင်ဘာ ၂၃ ရက် ညပိုင်းမှာအခုလို စက်တပ်လေထီးနဲ့ ဗုံးကြဲချလို့ ပြည်သူတယောက် ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013