DVB Logo
Home
နိုင်ငံတကာ
ပိုမိုအစွမ်းထက်သည့် စစ်သင်္ဘောအမျိုးအစားသစ် တည်ဆောက်မည်ဟု ထရမ့်ပ်ပြော
DVB
·
December 23, 2025
ပိုမိုအစွမ်းထက်သည့် စစ်သင်္ဘောအမျိုးအစားသစ် တည်ဆောက်မည်ဟု ထရမ့်ပ်ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရေတပ်အနေနဲ့ အရင်က အမေရိကန် တည်ဆောက်ခဲ့တဲ့ စစ်သင်္ဘောတွေထက် ပိုကြီး၊ ပိုမြန်ပြီး အဆ ၁၀၀ ပိုအစွမ်းထက်မဲ့ စစ်သင်္ဘောအမျိုးအစားအသစ် တည်ဆောက်မယ်လို့ ဒီဇင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။

ဒီစီမံကိန်းကို စစ်သင်္ဘော ၂ စင်း တည်ဆောက်ရင်း စတင်မှာဖြစ်ပြီး နောက်ဆုံးမှာ သင်္ဘောအသစ် အစင်း ၂၀ ကနေ ၂၅ စင်းအထိ တိုးချဲ့သွားမယ်လို့ သူက ပြောပါတယ်။

ထရမ့်ပ်က အမေရိကန်ရဲ့ ပြန်ပြင်ထားတဲ့ ရွှေရောင်ရေတပ်ရဲ့ တစိတ်တပိုင်းအဖြစ် သူ့နာမည်ပေးထားတဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ရေတပ် တိုက်သင်္ဘောအသစ်တွေကို တာဝန်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

လက်နက်အမျိုးမျိုးကို သယ်ဆောင်တပ်ဆင်ထားမဲ့ Trump အမျိုးအစား USS Defiant သင်္ဘောတွေကို မကြာမီ စတင်တည်ဆောက်ဖို့ မျှော်လင့်ရပြီး ၂ နှစ်ခွဲအတွင်း လည်ပတ်နိုင်မယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ဒီကြေညာချက်ဟာ သမ္မတထရမ့်ပ်ရဲ့ လူလိုက်ပါတဲ့ သင်္ဘောနဲ့ လူမဲ့သင်္ဘော နှစ်မျိုးလုံးမှာ အမေရိကန်ရေတပ်ကို ပိုကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဒုံးကျည်တပ်ဆင်ထားတဲ့ စစ်သင်္ဘောကြီးတွေနဲ့ သေးတဲ့သင်္ဘောတွေလည်း ပါပါတယ်။

အမေရိကန်ဟာ လက်ရှိမှာ သင်္ဘောတည်ဆောက်နိုင်စွမ်းနဲ့ စုစုပေါင်းထုတ်လုပ်မှုမှာ တရုတ်နိုင်ငံထက် နောက်ကျကျန်နေတယ်လို့ အရာရှိတွေက သတိပေးခဲ့ပါတယ်။

ထုတ်လုပ်မှုအချိန်ဇယား နှေးကွေးနေတယ်လို့ သူရည်ညွှန်းတဲ့ကိစ္စကို ဖြေရှင်းဖို့ လာမဲ့သီတင်းပတ်မှာ အဓိက ကာကွယ်ရေး ကန်ထရိုက်တာတွေနဲ့ တွေ့မယ်လို့ ထရမ့်ပ်က ထပ်ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲတွေဟာ ကုမ္ပဏီတွေရဲ့ ထုတ်လုပ်မှုပစ်မှတ်တွေ မပြည့်မီတဲ့အတွက် အမှုဆောင်လျော်ကြေး၊ ရှယ်ယာပြန်ဝယ်ယူမှုနဲ့ အစုရှယ်ယာခွဲဝေမှုတွေ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကို စစ်ဆေးမယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ပိုမိုအစွမ်းထက်သည့် စစ်သင်္ဘောအမျိုးအစားသစ် တည်ဆောက်မည်ဟု ထရမ့်ပ်ပြော