DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်နှင့် ကေအန်ယူတပ် ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပမည်
DVB
·
December 15, 2014
အစိုးရတပ်နှင့် ကေအန်ယူတပ် ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပမည်
Donate to DVB

KNU army soldiers march to commemorate the 63rd anniversary of Karen Revolution Day at Oo Kray Kee Townshipတပ်အချင်းချင်း ရင်းနှီးမှုရစေဖို့အတွက် ကရင်ပြည်နယ်အခြေစိုက် အစိုးရတပ်နဲ့ ကရင်အမျိုးသား အစည်းအရုံးလက်အောက်ခံတပ်ဖွဲ့ အသင်းတွေ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပက စားဖို့ ပြင်ဆင်နေကြပါတယ်။

အစိုးရ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၄) က တပ်သားတွေနဲ့ ကေအဲန်ယူ တပ်မဟာ ၇ က တပ်သားတွေ မနက်ဖြန်ဒီဇင်ဘာလ ၁၆ ရက်နေ့ မနက် ၈ နာရီ ကရင်ပြည်နယ် မြ၀တီမြို့ က  ဘောလုံး ကွင်းမှာ  ကစားကြမယ်လို့   ကေအန်ယူ မြ၀တီမြို့ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး စောဇောရိုး က ပြောပါတယ်။

“အဓိကကတော့ တပ်တဖက်နဲ့တဖက် ရင်းနှီးမှုရှိသွားအောင် လုပ်တဲ့သဘောပါပဲ။ ကျနော်တို့နယ်မြေမှာရှိတဲ့တပ်တွေ တဖက်နဲ့တဖက် ဘာမှ ပြဿ     နာမရှိဖို့က အရေးကြီးတယ်လေ။ ဒါကြောင့် ဒီပွဲကို စီစဉ်တာ။”

ဒီပွဲကို ကစားဖို့ တပ်မဟာ ၇ က တပ်ရင်း တရင်းဆီက တပ်သား ၂ ဦးစီးရွေးချယ်ထား တယ်လို့ လည်းပြောပါတယ်။ ဒီချစ်ကြည်ရေးဘောလုံးပွဲဟာ ဒါပထမဆုံး ဖြစ်ပါတယ်။

တဖက်နဲ့ တဖက် အကြား ယုံကြည်မှုပိုမိုရရှိဖို့အတွက်     မြန်မာပြည်တောင်ပိုင်းမှာ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မှာတော့ အစိုးရတပ်နဲ့ ကချင်၊ တအာင်းနဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံးဟာ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အစိုးရအဆက်ဆက်ကို နှစ်ပေါင်းခြောက်ဆယ်ကျော် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပိုင်းက အစိုးရနဲ့ အပစ်ရပ်သဘောတူထားသလို တပြည်လုံးအပစ်ရပ်ရေး စာချုပ်ထွက်ပေါ်လာအောင် ၀ိုင်းဝန်းကြိုးပမ်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013