DVB Logo
Home
နိုင်ငံတကာ
ကမ္ဘောဒီးယားနယ်စပ်အနီးရှိ ထိုင်းကျောင်း ၁,၀၀၀ ကျော် ယာယီပိတ်ထား
DVB
·
December 20, 2025
ကမ္ဘောဒီးယားနယ်စပ်အနီးရှိ ထိုင်းကျောင်း ၁,၀၀၀ ကျော် ယာယီပိတ်ထား
Donate to DVB

ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့နယ်စပ်တလျှောက်မှာ လက်နက်ကိုင် တိုက်ပွဲအသစ်တွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံဟာ နယ်စပ်ဒေသတွေရှိ စာသင်ကျောင်း ၁,၀၀၀ ကျော်ကို ဒီဇင်ဘာ ၁၉ ရက်မှာ ယာယီပိတ်လိုက်ပါတယ်။

ထိုင်းပညာရေးဝန်ကြီးဌာနဟာ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ ဘေးကင်း လုံခြုံရေးအတွက် ကမ္ဘောဒီးယားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ခရိုင် ၇ ခုမှာ စာသင်ခန်းတွေကို ရပ်ဆိုင်းထားဖို့ သောကြာနေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ကျောင်းပေါင်း ၁,၀၆၀ ကျောင်းကို သက်ရောက်စေခဲ့ပါတယ်။ 

ဘူရီရမ်ခရိုင်ဟာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် အထိခိုက်ဆုံးဒေသတွေထဲမှ တခုဖြစ်ပြီး ကျောင်းပေါင်း ၁၀၀ ကျော်ကို ပိတ်ထားရတာပါ။ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒေသန္တရ ခိုလှုံရေးစခန်းတွေမှာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ အပါအဝင် စစ်ဘေးရှောင်ရသူတွေဟာ ခိုလှုံနေကြရပါတယ်။ 

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ပဋိပက္ခတွေကြောင့် ခိုလှုံရေးစခန်းကို ရွှေ့ပြောင်းလာရတဲ့ မိန်းကလေးတယောက်က  သူ ဒီစခန်းမှာနေ နေတာ ၁၁ ရက်မှ ၁၂ ရက်အထိ ရှိသွားပြီဖြစ်ပြီး သူ့နေအိမ်မှာ သေနတ်သံတွေကို အကျယ်ကြီး ကြားနေရတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေ မပြီးမချင်း ကျောင်းဖွင့်ဦးမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ အလားတူ ခိုလှုံရေးစခန်းရှိ ဆယ်ကျော်သက် ယောက်ျားလေးတယောက် ကလည်း သူ့အိမ်မှာ သေနတ်သံတွေ ကြားရတော့ အရမ်းကြောက်လို့ ဒီနေရာကို ပြောင်းလာတာ ၁၃ ရက် ရှိသွားပြီဖြစ်ကြောင်းနဲ့ ကျောင်းပြန်တက်ပြီး စာကျက်ချင်တယ်၊ သူငယ်ချင်းတွေနဲ့ တွေ့ချင်တယ်လို့ သူ့ခံစားချက်တွေကို ပြောသွားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ ဖက်စလုံးဟာ ပူးတွဲငြိမ်းချမ်းရေး ကြေညာစာတမ်းကို လက်မှတ်ရေးထိုးပြီး ၂ လ မပြည့်ခင် ဒီဇင်ဘာ ၇ ရက်မှာ နယ်စပ်ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂ ဖက်စလုံးဟာ တိုက်ခိုက်မှုတွေကို အပြန်အလှန် အပြစ်ပုံချခဲ့ကြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013