
အက်စတိန်းရဲ့ မှတ်တမ်းစာမျက်နှာပေါင်း ၃၀၀,၀၀၀ ကျော်ကို အမေရိကန် တရားရေးဌာနက ထုတ်ပြန်ခဲ့ရာမှာ အမေရိကန်သမ္မတဟောင်း ကလင်တန်ရဲ့ ဓာတ်ပုံတွေလည်း ပါဝင်ခဲ့ပါတယ်။
ပုံတပုံမှာ ကလင်တန်ဟာ ရေချိုးကန်ဒါမှမဟုတ် ရေကန်ထဲမှာက ပုံဖြစ်ပြီး အခြားတ ယောက်ရဲ့ပုံမျက်နှာကိုတော့ အမည်းရောင်နဲ့ ဖုံးပြီး ထုတ်ပြန်ခဲ့ပါတယ်။
ဒီပုံနဲ့ပတ်သက်ပြီး ကလင်တန်ဘက်က ချက်ချင်းတုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။ အက်စတိန်းနဲ့ လူမူရေးအရ ပတ်သက်မိတာကို နောင်တရကြောင်းနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာမျိုး မရှိဘူးလို့တော့ ကလင်တန်က ဖြေကြားခဲ့ဖူးပါတယ်။
တရားရေးက ထုတ်ပြန်တဲ့ပုံတွေထဲမှာ ကလင်တန်ရဲ့ ပုံပါတာက စုံစမ်းနေတဲ့ အချိန်မျိုးမှာ မထုတ်ပြန်ရဘူးဆိုတဲ့ မူဝါဒနဲ့ မကိုက်ဘူးလို့လည်း အငြင်းပွားမှုတွေရှိနေပါတယ်။
ကလင်တန်နဲ့ အက်စတိန်းတို့ရဲ့ ပတ်သက်မှုကို စုံစမ်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တရားရေးဌာနကို အမိန့်ပေးခဲ့ဖူးပါတယ်။
ဒါဟာ အက်စတိန်းအမှုမှာ ထရမ့်ပ်အပေါ် လူတွေရဲ့ အာရုံစိုက်မှု ကလင်တန်ဆီ ရောက်သွားဖို့ ပြုလုပ်ခဲ့တာလို့ ဝေဖန်သူတွေက ထင်ကြေးပေးကြပါတယ်။
အသစ်ထုတ်ပြန်လိုက်တဲ့ ပုံတွေထဲမှာ မင်းသားဟောင်းအန်ဒရူး၊ ဂီတသမားမစ်ဂျက်ကာ၊ ပေါ့စတား မိုက်ကယ်ဂျက်ဆင်တို့လည်း ပါဝင်နေပါတယ်။
အက်စတိန်းရဲ့အချက်အလက် ၃၀၀,၀၀၀ ထုတ်ပြန်ခဲ့တဲ့ အထဲမှာ စာတမ်းတွေကို တည်းဖြတ်ပြင်ဆင်ထားတာတွေ အမည်းရောင်နဲ့ ဖုံးပြီးဖော်ပြထားတာတွေကြောင့်လည်း ဝေဖန်မှုတွေ ထွက်နေပါတယ်။ ဒါ့အပြင် အချက်အလက်အားလုံး မထုတ်ပြန်ရသေးဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Source: Reuters








