DVB Logo
Home
နိုင်ငံတကာ
အီရတ်သမ္မတဟောင်း ဆာလီဟ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအသစ် ဖြစ်လာ
DVB
·
December 19, 2025
အီရတ်သမ္မတဟောင်း ဆာလီဟ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအသစ် ဖြစ်လာ
Donate to DVB

အီရတ် သမ္မတဟောင်း ဘာဟမ်ဆာလီဟ်ကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အသစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီလို့  ဒီဇင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်မှာတော့ ဆာလီဟ်ဟာ ကိုယ်တိုင်လည်း ဒုက္ခသည်တယောက်အဖြစ် ဘဝဖြတ်သန်းခဲ့ရသူ ဖြစ်တာကြောင့် UNHCR ကို ဦးဆောင်ရာမှာ အားကောင်းတဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ယူဆောင်လာနိုင်မှာမို့ ဝမ်းမြောက်စွာကြိုဆိုကြောင်း ဖော်ပြထားခဲ့တာပါ။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ တည်ရှိတဲ့ UNHCR အဖွဲ့ကတော့ ဒုက္ခသည်တွေ၊ မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ဒုက္ခသည်ဟောင်းတွေ၊ မိမိတို့နိုင်ငံတွင်းက နေရပ်စွန့်ခွါနေရသူတွေနဲ့ နိုင်ငံမဲ့၊ ဒါမှမဟုတ် နိုင်ငံသားဖြစ်မှုဆိုင်ရာအငြင်းပွားနေသူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အကာအကွယ်ပေးဖို့အတွက် ကုလသမဂ္ဂကနေ တာဝန်အပ်နှင်းထားတဲ့ အေဂျင်စီတခု ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး အပြီးကာလမှာ စတင်တည်ထောင်ခဲ့တဲ့ UNHCR ရဲ့ အမြင့်ဆုံးရာ ထူးနေရာဖြစ်တဲ့ မဟာမင်းကြီး နေရာကိုတော့ အီတလီနိုင်ငံသား ဖိလစ်ပိုဂရန်ဒီက ၁၁ ယောက် မြောက် မဟာမင်းကြီးအဖြစ် ၂၀၁၅ ခုနှစ်ကတည်းက တာဝန်ယူထားခဲ့တာပါ။

ခုတခါမှာတော့ သူ့နေရာကို အသက် ၆၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အီရတ် သမ္မတဟောင်း ဆာလီဟ်ကို လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ UNHCR အဖွဲ့ကို ၁၉၉၃ ခုနှစ်ကတည်းက စတင်ခဲ့ပြီးတော့ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေအပြင် ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတွေထဲက အတင်းအကျပ် နေရပ်စွန့်ခွါ ရွှေ့ပြောင်းနေထိုင်နေရသူတွေ၊ နိုင်ငံမဲ့သူတွေရဲ့ လိုအပ်ချက်တွေအတွက် အလေးထားဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013