DVB Logo
Home
နိုင်ငံတကာ
ဘရောင်းတက္ကသိုလ် ပစ်ခတ်မှုအပြီး DV စနစ် အမေရိကန်ရပ်ဆိုင်း
DVB
·
December 19, 2025
ဘရောင်းတက္ကသိုလ် ပစ်ခတ်မှုအပြီး DV စနစ် အမေရိကန်ရပ်ဆိုင်း
Donate to DVB

ဘရောင်းတက္ကသိုလ်မှာ အစုလိုက်ပစ်ခတ်မှုဖြစ်လို့ လူ ၂ ယောက် သေဆုံးခဲ့အပြီးမှာ ရွှေ့ပြောင်းအခြေချသူ ဝင်ရောက်ခွင့် DV လို့ အများသိတဲ့  Green Card  စနစ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆိုင်းငံ့လိုက်ပါတယ်။

ဒီပစ်ခတ်မှုကို ကျူးလွန်သူလို့ ယူဆရတဲ့ အသက် ၄၈ နှစ်အရွယ် ပေါ်တူဂီနိုင်ငံသား ကလော်ဒီယို နေးဗက်စ် ဗလန်တေးဟာ ၂၀၁၇ ခုနှစ်မှာ diversity lottery immigrant visa programme (DV1) နဲ့ အမေရိကန်ကိုဝင်လာပြီး  Green Card ရခဲ့သူ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်က ဘရောင်းတက္ကသိုလ် အင်ဂျင်နီယာဆောင်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဗလန်တေးဟာ ဒီဇင်ဘာ ၁၅ ရက်ကလည်း MIT တက္ကသိုလ် ပါမောက္ခ နူနို အက်ဖ် ဂိုးမက်စ် လိုရီယို ကို သတ်ဖြတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ယုံကြည်နေပါတယ်။

အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုယမ်က သမ္မတ ထရမ့်ပ်ရဲ့ ညွှန်ကြားချက်အရ “ဒီလို ကံဆိုးမိုးမှောင်ကျတဲ့ အစီအစဉ်ကြောင့် အမေရိကန်ပြည်သူတွေ ထပ်ပြီး မထိခိုက်စေဖို့” DV ဗီဇာစနစ်ကို ခေတ္တရပ်နားထားတာဖြစ်ကြောင်း ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း နယူးယောက်မှာ လူ ၈ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအပြီးမှာ ဒီစနစ်ကို အဆုံးသတ်ဖို့ ထရမ့်ပ်က ကြိုးစားခဲ့ဖူးတယ်လို့ နိုယမ်က ဆိုပါတယ်။

သံသယရှိသူ ဗလန်တေးကိုတော့ ၆ ရက်ကြာ လိုက်လံရှာဖွေခဲ့ပြီးနောက် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ထားတဲ့ အနေအထားနဲ့ သေဆုံးလျက် ပြန်တွေ့ခဲ့တာပါ။

သေဆုံးသူ ပါမောက္ခနဲ့ ဗလန်တေးတို့ဟာ ၁၉၉၀ ပြည့်နှစ်တွေက ပေါ်တူဂီမှာ ကျောင်းအတူတက်ခဲ့ဖူးသလို ဗလန်တေးဟာ ၂၀၀၀ ပြည့်နှစ်လောက်က ဘရောင်းတက္ကသိုလ်မှာ ပါရဂူဘွဲ့ တက်ရောက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

နှစ်စဉ် လူပေါင်း ၅၀,၀၀၀ အထိ ဗီဇာပေးနေတဲ့ ဒီစနစ်ကို အခုလို ရပ်ဆိုင်းလိုက်တဲ့အတွက် ရွှေ့ပြောင်းအခြေချလိုသူတွေအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013