DVB Logo
Home
နိုင်ငံတကာ
ကနေဒီစင်တာကို ထရမ့်ပ်-ကနေဒီစင်တာဟု အမည်ပြောင်း
DVB
·
December 19, 2025
ကနေဒီစင်တာကို ထရမ့်ပ်-ကနေဒီစင်တာဟု အမည်ပြောင်း
Donate to DVB

ဝါရှင်တန်ဒီစီက အထင်ကရ ဂျွန်အက်ဖ်ကနေဒီ အနုပညာဖျော်ဖြေရေးစင်တာကို ထရမ့်ပ်-ကနေဒီစင်တာအဖြစ် အမည်ပြောင်းလဲဖို့ စင်တာဘုတ်အဖွဲ့က မဲခွဲဆုံးဖြတ်လိုက်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း စင်တာပြုပြင်ထိန်းသိမ်းရေးမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆောင်ရွက်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို အမည်ပြောင်းဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့တာလို့ ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လဲဗစ်က ပြောပါတယ်။

သမ္မတ ထရမ့်ပ်ကတော့ အိမ်ဖြူတော်မှာ ဒီဇင်ဘာ ၁၈ ရက်က သတင်းထောက်တွေကို ပြောကြားရာမှာ ဒီဆုံးဖြတ်ချက်ကြောင့် အံ့သြဝမ်းသာ ဂုဏ်ယူမိသလို စင်တာရဲ့ အခြေအနေ ဆိုးရွားနေမှုကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဘုတ်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ အိုဟိုင်းယိုးပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဂျွိုက်စ် ဘီတီ ကတော့ သူမကို စကားပြောခွင့်ပိတ်ပင်ထားပြီး ဒီဆုံးဖြတ်ချက်ဟာ အားလုံးရဲ့ သဘောတူညီချက် မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

ကွယ်လွန်သူ သမ္မတ ကနေဒီရဲ့ မြေးဖြစ်သူ ဂျက် ရှလို့စ်ဘာ့ဂ်ကလည်း ဘုတ်အဖွဲ့ရဲ့ မဲခွဲမှုဟာ တညီတညွတ်တည်း မဟုတ်ကြောင်းနဲ့ မိုက်ကရိုဖုန်းတွေ အပိတ်ခံထားရတယ်လို့ လူမှုကွန်ရက်မှာ ဝေဖန်ထားပါတယ်။

သမ္မတဟောင်း ကနေဒီရဲ့ ဆွေမျိုးတော်စပ်သူ ဂျိုး ကနေဒီကတော့ ကနေဒီစင်တာဟာ ဖက်ဒရယ်ဥပဒေအရ သတ်မှတ်ထားတဲ့ အထိမ်းအမှတ်နေရာဖြစ်လို့ လွှတ်တော်ရဲ့ ခွင့်ပြုချက်မပါဘဲ နာမည်ပြောင်းလဲလို့ မရဘူးလို့ ဆိုပါတယ်။

ဒီမိုကရက်တစ်ခေါင်းဆောင်တွေဖြစ်တဲ့ ချပ်ရှူးမားနဲ့ ဟာကင်း ဂျက်ဖရီ တို့ကလည်း ဖက်ဒရယ်ဥပဒေအရ လွှတ်တော်က မဆုံးဖြတ်ဘဲ နာမည်ပြောင်းလဲမှုကို တားမြစ်ထားတယ်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ ထရမ့်ပ်ဟာ စင်တာအတွက် ရန်ပုံငွေ ဒေါ်လာ ၂၅၇ သန်း ရရှိအောင် ဆောင်ရွက်ပေးခဲ့သလို စင်တာဘုတ်အဖွဲ့ဝင်တွေကိုလည်း သူ့ရဲ့ မဟာမိတ်တွေနဲ့ အစားထိုးလဲလှယ်ထားတာ ဖြစ်ပါတယ်။

အခုလို အမည်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ဝါရှင်တန်ဒီစီမှာ အငြင်းပွားမှုတွေ မြင့်တက်နေသလို အနုပညာရှင်တချို့ကလည်း ဖျော်ဖြေပွဲတွေကို ဖျက်သိမ်းတာတွေ ရှိနေပါတယ်။

Souece:Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကနေဒီစင်တာကို ထရမ့်ပ်-ကနေဒီစင်တာဟု အမည်ပြောင်း