DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ကာကွယ်ရေးဥပဒေကြမ်းကို ပါတီ ၂ ခုလုံးက တညီတညွတ်တည်း အတည်ပြု 
DVB
·
December 19, 2025
အမေရိကန်ကာကွယ်ရေးဥပဒေကြမ်းကို ပါတီ ၂ ခုလုံးက တညီတညွတ်တည်း အတည်ပြု 
Donate to DVB

အမေရိကန်အထက်လွှတ်တော်က ဒီဇင်ဘာ ၁၇ ရက်မှာ ပင်တဂွန်စစ်ဌာနချုပ်အတွက် ဒေါ်လာ ၉၀၁ ဘီလီယံတန် ဥပဒေကြမ်း ချမှတ်ရေးမူဝါဒကို မြှင့်တင်ဖို့ မဲအပြတ်အသတ်ပေးခဲ့ပြီး  ဥပဒေမူကြမ်းကို သမ္မတ အိမ်ဖြူတော်ဆီ ပေးပို့ခဲ့ကာ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဥပဒေအဖြစ် လက်မှတ်ထိုးမယ်လို့ ပြောပါတယ်။

၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားကာကွယ်ရေး ခွင့်ပြုချက်ဥပဒေ ဒါမှမဟုတ် NDAA ဟာ အခုနှစ်အစောပိုင်းမှာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့မှာ အတည်ပြုခဲ့တဲ့ သီးခြားအစီအမံတွေအကြား ညှိနှိုင်းမှုတရပ်လည်း ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းဟာ နှစ်စဉ် စစ်ရေးအသုံးစရိတ် စံချိန်တင် ဒေါ်လာ ၉၀၁ ဘီလီယံကို ခွင့်ပြုပြီး တပ်ဖွဲ့ဝင်တွေအတွက် လစာ ၄ ရာခိုင်နှုန်း တိုးမြှင့်ပေးမှာပါ။

စစ်ဘက်ပစ္စည်းတွေ ရယူခြင်းစနစ် ပြုပြင်ပြောင်းလဲမှာကိုလည်း ခွင့်ပြုပြီး အမေရိကန်ရဲ့ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရေး ကြိုးပမ်းချက်တွေလည်း ပါပါတယ်။

အထက်လွှတ်တော်ဟာ ဥပဒေကြမ်းကို ၇၇ မဲ - ၂၀ မဲနဲ့ ထောက်ခံခဲ့ပြီး ပါတီနှစ်ခုလုံးက အခိုင်အမာ ထောက်ခံခဲ့တာပါ။

“ကန့်ကွက်မဲ” ၂ ခုကတော့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မိုက်လီနဲ့ ရန်းပေါလ်တို့က ပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးကို ထိန်းသိမ်းပြီး အားကောင်းစေဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်းတရပ်ကို သမ္မတဆီ ပေးပို့ဖို့ လွှတ်တော် ၂ ရပ်စလုံးက ၆၅ နှစ်ဆက်တိုက် အတည်ပြုခဲ့တာလို့ မစ္စစ္စပီပြည်နယ်မှ အထက်လွှတ်တော် အမတ် ရော်ဂျာ ဝစ်ကာက ပြောပါတယ်။

အောက်လွှတ်တော်က ပြီးခဲ့တဲ့အပတ်က ဥပဒေကြမ်းကို ၃၁၂ မဲ၊ ၁၁၂ မဲနဲ့ အတည်ပြုခဲ့ပြီး နှစ်ပါတီလုံးရဲ့ ထောက်ခံမှုကို ကျယ်ကျယ်ပြန့်ပြန့် ရခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013