DVB Logo
Home
ရွေးကောက်ပွဲ
ရခိုင်ပြည်နယ်၌ ကွက်ကျားမဲဆန္ဒနယ် အနည်းငယ်ဖြင့် ကိုယ်စားလှယ်နေရာအပြည့်ယူရန် ကြံစည်ထားသည့် အတုအယောင်‌ ရွေးကောက်ပွဲ
DVB
·
December 18, 2025
ရခိုင်ပြည်နယ်၌ ကွက်ကျားမဲဆန္ဒနယ် အနည်းငယ်ဖြင့် ကိုယ်စားလှယ်နေရာအပြည့်ယူရန် ကြံစည်ထားသည့် အတုအယောင်‌ ရွေးကောက်ပွဲ
1 / 4
Donate to DVB

ဒီဇင်ဘာ ၂၈ ရက် စတင်ကျင်းပမဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ  တရားမျှတမှု မရှိရုံသာမက၊ လက်တွေ့မြေပြင်အခြေအနေနဲ့ လုံးဝကွာဟနေတဲ့ "အတုအယောင် နိုင်ငံရေးပြဇာတ်" တခုသာ ဖြစ်ပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ကျင့်သုံးဖို့ ပြင်ဆင်ထားတဲ့ မဲဆန္ဒနယ် သတ်မှတ်မှုတွေနဲ့ ရွေးကောက်ပွဲပုံစံမှာ ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုဘဲ အာဏာကို နည်းမျိုးစုံနဲ့ အပိုင်စီးဖို့ ကြိုးပမ်းနေတာ ဖြစ်ကြောင်း အထင်အရှားတွေ့မြင်ရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုမှာ အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်မှုအောက် ရှိနေပြီး ရွေးကောက်ပွဲ ပထမပိုင်းကို စစ်ကောင်စီအနေနဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ ၃ မြို့မှာသာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။

အမျိုးသားလွှတ်တော် မဲများသူအနိုင်ယူစနစ် (FPTP)မှာ  မာန်အောင်နဲ့ ကျောက်ဖြူမြို့နယ် ပါဝင်တဲ့ ကျောက်ဖြူခရိုင်ကို မဲဆန္ဒနယ်အမှတ် ၂ နဲ့ စစ်တွေမြို့နယ်ပါဝင်တဲ့ စစ်တွေခရိုင်ကို မဲဆန္ဒနယ်အမှတ် ၃ အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။ 

အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မှာတော့  စစ်တွေမြို့နယ်ပါဝင်တဲ့ စစ်တွေခရိုင်ကို  မဲဆန္ဒနယ်အမှတ် ၁ နဲ့ ကျောက်ဖြူနဲ့  မာန်အောင် ပါဝင်တဲ့  ကျောက်ဖြူခရိုင်ကို  မဲဆန္ဒနယ်အမှတ် ၂ အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။ 

ဒါ့အပြင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့တွေကိုတော့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့  မြို့နယ်တွေအဖြစ် ကြေညာထားပြီး၊ အမ်း၊ တောင်ကုတ်၊ ဂွ၊ သံတွဲမြို့နယ်တို့မှာ ကျင်းပဖို့ ကျန်ရှိနေတဲ့  မြို့နယ်တွေ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇  မြို့နယ်ရှိပြီး ကိုယ်စားလှယ် ၁၂ ယောက် ရှိရမှာဖြစ်ပေမဲ့  မြို့နယ် ၃ မြို့နယ်သာ ကျင်းပပြီး ရွေးကောက်ပွဲ အပိုင်း ၁ မှာပင် ကိုယ်စားလှယ် ၆ ယောက် ဖြည့်တင်းနိုင်မဲ့ မဲဆန္ဒနယ်သတ်မှတ်မှုအဖြစ် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားတာကို တွေ့ရှိရပါတယ်။

ဒီအခြေအနေဟာ ပြည်နယ်တခုလုံးကို ကိုယ်စားပြုမဲ့ ရွေးကောက်ပွဲရလဒ် မဖြစ်နိုင်ပေမဲ့ စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ နေရာအနည်းငယ်မှာသာ မဲပုံးထောင်ပြီး ရွေးကောက်ပွဲ ပြီးမြောက်ကြောင်း ကြေညာဖို့  ပြင်ဆင်နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီဟာ သူတို့စိုးမိုးထားတဲ့ နေရာအနည်းငယ်ကနေ ရရှိတဲ့မဲအရေအတွက်ကို အချိုးကျကိုယ်စားပြုစနစ် (PR)နဲ့ ပေါင်းစပ်ကာ သူတို့စိတ်ကြိုက် ကိုယ်စားလှယ်တွေကို နေရာပေးဖို့ ရည်ရွယ်ထားကြောင်း ထင်ရှားစွာတွေ့မြင်ရပါတယ်။ မဲပေးခွင့်ရှိသူ အများစု မပါဝင်နိုင်တဲ့ အခြေအနေမှာ ဒီစနစ်ကို ကျင့်သုံးတာက ဒီမိုကရေစီနည်းကျ မဟုတ်ဘဲ၊ စစ်ကောင်စီရဲ့ လက်ဝေခံတွေ လွှတ်တော်ထဲ ရောက်ရှိလာစေဖို့ လမ်းခင်းပေးတာသာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013