DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းတွင် ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်
DVB
·
December 18, 2025
သပိတ်ကျင်းတွင် ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းမြို့နဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နားမှာ ဒီနေ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၇ နာရီ ၄ မိနစ်က ကချင်ပြည်နယ်၊ တနိုင်းမြို့နားမှာ မြေအောက်အနက် ၃၅ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့် အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၁၀ နာရီ ၃ မိနစ်လောက်ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့၊ လက်ပံကုန်းကျေးရွာနားမှာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ အဆင့် အင်အား နည်းနည်းရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မြေငလျင်တိုင်းတာစက်တွေကသုံးတဲ့ စကေးနဲ့ တိုင်းတာတဲ့ နည်းလမ်းတို့အပေါ်မူတည်လို့ ငလျင်အင်အားပမာဏ နည်းနည်းကွာနိုင်ပြီး ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးတာတွေ လျော့နည်းစေဖို့ ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။

သပိတ်ကျင်းမြို့နားမှာလှုပ်တဲ့ ငလျင်ဒဏ်ကို မန္တလေးမြို့နေသူတွေ သိသိသာသာခံစားခဲ့ကြရပြီး အသံနဲ့ဆောင့်ပြီး လှုပ်တာလို့ ပြောပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း သပိတ်ကျင်းမြို့နားမှာလှုပ်တဲ့ ငလျင်ကို မတ် ၂၈ ရက် အင်အားပြင်း စစ်ကိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲ မြေငလျင်သတင်းအမှတ်စဉ် ၂၅၀ အဖြစ် ထုတ်ပြန်ပြီး အင်အား ရစ်ချ်တာစကေး ၃၊ တနိုင်းမြို့နားက ငလျင်ကိုတော့ အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၂ လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
သပိတ်ကျင်းတွင် ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်