DVB Logo
Home
မြန်မာသတင်း
ဟိုပုံး၊ မိုင်းပွန်ဂိတ်တွင် လူငယ် ၂၀ ခန့် ဖမ်းဆီးခံရ
DVB
·
December 18, 2025
ဟိုပုံး၊ မိုင်းပွန်ဂိတ်တွင် လူငယ် ၂၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မိုင်းပွန်ဂိတ်မှာ လူငယ် အယောက် ၂၀ လောက် လိုင်စင်မဲ့ကားတွေနဲ့အတူ ဖမ်းဆီးခံရတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေ ဒီဇင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်မှာ မိုင်းဆတ်၊ ကျိုင်းတောင်း၊ လင်းခေး၊ လွိုင်လင်၊ ပင်လုံ၊ နမ့်စန်မြို့တွေကနေ လိုင်စင်မဲ့ကားနဲ့ တောင်ကြီးကို ဘွဲ့သွားယူကြတဲ့ လူငယ်တွေ ပြန်ရောက်မလာဘဲ ကားနဲ့အတူ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဟိုပုံးမြို့ရဲ့ တရားရုံးမှာ လိုင်စင်မဲ့ကားမောင်းနှင်လို့ဆိုပြီး ဖမ်းဆီးထားသလို ဒီဇင်ဘာ ၁၅ ရက်မှာ လူတွေ့ခွင့်လည်း မရတော့ဘူးလို့ ပြောပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူက “ကားရော လူရော မလွတ်သေးဘူး၊ လူတွေ့ခွင့်ပါ မပေးတော့ဘူး။ ပါသွားတဲ့သူ အများစုက ပအိုဝ်းတွေ၊ ရှမ်းတွေ။ ညှိမရဘူး ခု။ PNO က လိုက်ညှိတာတောင် မလွှတ်ပေးဘူး”လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ PNO ဒေသဦးစီးသူတွေရဲ့ ဆွေမျိုးတွေလည်း ပါဝင်ပြီး ဘယ်သူပဲဖြစ်ဖြစ် ဖမ်းဆီးဖို့အတွက် ဟိုပုံးကို အသစ်ရောက်လာတဲ့ စခန်းမှူးက မှာထားလို့ တရားရုံးမှာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရှုပ်ထွေးနေတယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ဒုတိယအပတ်ထဲမှာ စစ်တပ်ရဲ့ ရဲအရာရှိ(စခန်းမှူး)က ဟိုပုံးမြို့နယ် မိုင်းပွန်ဂိတ်မှာ ရောက်လာပြီး ကုန်ကားတွေကို ငွေညှစ်တာ၊ ရစ်တာ၊ လိုင်စင်မဲ့ကား ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဟိုပုံး၊ မိုင်းပွန်ဂိတ်တွင် လူငယ် ၂၀ ခန့် ဖမ်းဆီးခံရ