DVB Logo
Home
Lead Story
အဲယားကမ္ဘောဇ လေယာဉ်လေကာမှန် ငှက်နှင့်တိုက်မိသဖြင့် ပြန်လည်ဆင်းသက်
DVB
·
December 14, 2014
အဲယားကမ္ဘောဇ လေယာဉ်လေကာမှန် ငှက်နှင့်တိုက်မိသဖြင့် ပြန်လည်ဆင်းသက်
Donate to DVB

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာလာတဲ့ အဲယားကမ္ဘောဇ လေကြောင်း ခရီးစဉ်အမှတ် K7-822၊ အမျိုးအစား ATR- 72 လေယာဉ်ဟာ ပဲခူးမြို့အ၀င် ပေ ၃ ထောင်လောက်မှာ လေယာဉ်ရဲ့ ရှေ့ဝဲဘက်လေကာမှန်နဲ့  ငှက်တိုက်မိလို့  ရန်ကုန်လေဆိပ်ကို ပြန်လည် ဆင်းသက်ခဲ့ရပါတယ်။

[caption id="attachment_73789" align="aligncenter" width="535"]ဓာတ်ပုံ - yangon police ဓာတ်ပုံ - yangon police[/caption]

အဲယားကမ္ဘောဇ လေယာဉ်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့က ရန်ကုန်ကနေ ဟဲဟိုး-ကျိုင်းတုံ-မန္တလေး ခရီစဉ်ကို ပြေးဆွဲနေတုန်းမှာ ဖြစ်ပွားခဲ့တာပါ။

လေယာဉ်ထိခိုက်ပျက်စီးမှု မရှိသလို ခရီးသည်တွေလည်း တစုံတရာ အန္တရာယ် မဖြစ်ခဲ့ဘူးလို့ ရန်ကုန်ရဲ ဖေ့စ်ဘုတ်စာမျက်နှာ ရေးသားထားပါတယ်။

ခရီးစဉ်ကို ရွှေ့ဆိုင်းမှု မရှိဘဲ အဲဒီလေကြောင်းလိုင်းပိုင် နောက် လေယာဉ်တစီးနဲ့ ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စင်္ကာပူကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ မြန်မာ့လေကြောင်းလိုင်း MAI လေယာဉ်ဟာ ပဲခူးမြို့အနီးမှာပဲ ငှက်နဲ့ တိုက်မိလို့ လေယာဉ်ဦးပိုင်းမှာ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013