DVB Logo
Home
နိုင်ငံတကာ
အကြမ်းဖက်မှုများကြောင့် ကွန်ဂိုဒုက္ခသည် ၆၄,၀၀၀ ဘူရွန်ဒီနိုင်ငံထဲ ဝင်လာ
DVB
·
December 17, 2025
အကြမ်းဖက်မှုများကြောင့် ကွန်ဂိုဒုက္ခသည် ၆၄,၀၀၀ ဘူရွန်ဒီနိုင်ငံထဲ ဝင်လာ
Donate to DVB

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ တောင်ကီဗူးပြည်နယ်မှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး အကြမ်းဖက်မှုတွေ မြင့်တက်လာတာနဲ့အမျှ ဒီလအစပိုင်းကတည်းက အိမ်နီးချင်း ဘူရွန်ဒီနိုင်ငံကို  ဒုက္ခသည်ပေါင်း ၆၄,၀၀၀ လောက် ရောက်ရှိလာကြတယ်လို့ မြေပြင်ရှိ UNHCR အရာရှိတွေက ပြောပါတယ်။ 

အသစ်ရောက်ရှိလာကြသူ တချို့ဟာ အရေးပေါ်ဆေးကုသမှု လိုအပ်ချက်တွေ ရှိနေကြောင်းလည်း  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ပြောကြားခဲ့ပြီး ခိုလှုံစရာ လုံလုံလောက်လောက် မရှိတာကလည်း အထူးစိုးရိမ်စရာဖြစ်တယ်လို့ ဆိုပါတယ်။ 

အထူးသဖြင့် အဖော်မပါရှိတဲ့ ဒါမှမဟုတ် လူစုကွဲကွာနေတဲ့ ကလေးအရေအတွက် များပြားနေတာအပြင် အန္တရာယ်မြင့်မားတယ်လို့ ယူဆရတဲ့ အမျိုးသမီးအများစုအတွက် စိုးရိမ်စရာ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

ကွန်ဂိုနဲ့ ရဝမ်ဒါသမ္မတတွေဟာ ဝါရှင်တန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်နဲ့ တွေ့ဆုံပြီး ဝါရှင်တန် သဘောတူညီချက်လို့ လူသိများတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် သူတို့ရဲ့ ကတိကဝတ်ကို အတည်ပြုပြီး တပတ်မပြည့်သေးခင်မှာပဲ ရဝမ်ဒါမှ ကျောထောက်နောက်ခံ ပြုထားတဲ့ M23 သူပုန်တွေဟာ ဘူရွန်ဒီနဲ့နီးကပ်နေတဲ့ နယ်စပ်ရှိ ဗျူဟာကျတဲ့ အူဗီရာမြို့ကို ဝင်ရောက်ခဲ့ကြတာပါ။ 

ရဝမ်ဒါနိုင်ငံကတော့ M23 သူပုန်အဖွဲ့ကို ထောက်ခံခြင်းမရှိကြောင်း ငြင်းဆိုပြီး ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် ကွန်ဂိုနဲ့ ဘူရွန်ဒီတပ်ဖွဲ့တွေကို အပြစ်တင်ခဲ့ပါတယ်။

ဇူလိုင်လက ကုလသမဂ္ဂကျွမ်းကျင်သူအဖွဲ့ရဲ့ အစီရင်ခံစာတခုမှာတော့ ရဝမ်ဒါဟာ သူပုန်တွေ အပေါ် အမိန့်ပေးမှုနဲ့ ထိန်းချုပ်မှုကို ကျင့်သုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

ဇန်နဝါရီလတုန်းက M23 သူပုန်အဖွဲ့ဟာ လျှပ်တပြက်ထိုးစစ်ကို ပြုလုပ်ခဲ့ပြီး ကွန်ဂိုအရှေ့ပိုင်းမှ အကြီးဆုံး မြို့ ၂ မြို့ကို သိမ်းပိုက်ခဲ့တာမှာ လူပေါင်းထောင်ချီ သေဆုံးခဲ့ပြီး လူပေါင်းသိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ 

M23 လက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့အပတ်က သိမ်းပိုက်ခဲ့တဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC)ရဲ့ အဓိကမြို့ ယူဗီရာကနေ ဆုတ်ခွာဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို သဘောတူခဲ့တယ်လို့ ဒီဇင်ဘာ ၁၆ရက်မှာ ပြောပါတယ်။ 

လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်တစောင်ကို M23 အဖွဲ့ပါတဲ့ ကွန်ဂိုသူပုန်ညွန့်ပေါင်း အဖွဲ့(AFC)ရဲ့ ခေါင်းဆောင် ကော်နေးလ်နန်ဂါက အင်္ဂါနေ့မှာ Xလူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။

အမေရိကန် ကြားဝင်ညှိနှိုင်းပေးမှု တောင်းဆိုချက်အရ ဘူရွန်ဒီနဲ့ နယ်စပ်နားက တောင်ကီဗူးပြည်နယ်မှာရှိတဲ့ မြို့ကနေ ဆုတ်ခွာမယ်လို့ တိုက်ခိုက်ရေးသမားတွေက အတည်ပြု ခဲ့ပါတယ်။ 

ဒါပေမဲ့ အင်္ဂါနေ့မနက်အထိ ဘာမှမပြောင်းလဲဘဲ M23 တိုက်ခိုက်ရေးသမားတွေကို မြို့ထဲမှာ ဆက်တွေ့နေရတုန်းပဲလို့ အယ်လ်ဂျာဇီးယား သတင်းဌာနက သတင်းထောက် အလိန်း အွိုက်ကာနီက ယူဗီရာမြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

ကွန်ဂိုစစ်တပ်နဲ့ မဟာမိတ်တွေက နယ်မြေကို ပြန်သိမ်းဖို့နဲ့ သူပုန်တွေအပေါ် စာနာတယ်လို့ ယူဆရတဲ့ အရပ်သားတွေကို ပစ်မှတ်ထားဖို့ အလားတူဆုတ်ခွာမှုတွေကို အသုံးချခဲ့တယ်လို့ မဟာမိတ်အဖွဲ့က သတိပေးခဲ့တဲ့ အကြောင်းကိုလည်း သူက ထောက်ပြ ခဲ့ပါတယ်။

ရဝမ်ဒါကျောထောက်နောက်ခံပြု စစ်သွေးကြွတွေက ပြီးခဲ့တဲ့အပတ်က မဟာဗျူဟာကျတဲ့ ယူဗီရာ မြို့ ကို သိမ်းပိုက်ခဲ့တာပါ။

ဒီလုပ်ရပ်ဟာ ကွန်ဂိုနဲ့ ရဝမ်ဒါ ၂ နိုင်ငံအကြား အရင်ရက်က လက်မှတ်ထိုးခဲ့တဲ့ အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရော ကာတာနိုင်ငံ မြို့တော်ဒိုဟာမှာ သူပုန်ညွန့်ပေါင်းအဖွဲ့နဲ့ ကွန်ဂိုအစိုးရတို့ လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် အတွက် မူဘောင်သဘော တူညီချက်တို့ကို အန္တရာယ်ဖြစ်စေခဲ့ပါတယ်။ 

မဟာမိတ်အဖွဲ့က ဒီလုပ်ဆောင်ချက်ကို ဒိုဟာငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး အများဆုံး အခွင့်အရေးပေးဖို့ တဖက်သတ်ယုံကြည်မှု တည်ဆောက်ရေးအစီအမံလို့ ခေါ်ဆိုခဲ့ ပါတယ်။

စစ်ရေးအင်အားလျှော့ချတာကို ကြီးကြပ်ဖို့၊ ကြားနေ တပ်ဖွဲ့တဖွဲ့ ဖြန့်ထားဖြင့် အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့်ဖို့၊ မြို့လူဦးရေနဲ့ အခြေခံ အဆောက်အအုံတွေကို ကာကွယ်ဖို့ကိုလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အာမခံတဲ့သူတွေကို သူပုန်ညွန့်ပေါင်းအဖွဲ့က တောင်းဆိုခဲ့ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013