DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းမြေ ပြန်ရရေး ငဖဲမြို့နယ်က တောင်သူများ ဆုတောင်းပွဲပြုလုပ်
DVB
·
December 14, 2014
တပ်သိမ်းမြေ ပြန်ရရေး ငဖဲမြို့နယ်က တောင်သူများ ဆုတောင်းပွဲပြုလုပ်
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတိုက်နယ်အုပ်စု ကျေးရွာ ၆ ရွာ က တောင်သူတွေဟာ မလွန် (က-ပ-စ- ၂) က သိမ်းယူထားတဲ့ လယ်ယာမြေတွေပြန်ရဖို့ ဆုတောင်းပွဲနဲ့မီဒီယာတွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။

တွေ့ဆုံ၊ ဆုတောင်းပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့က ငဖဲမြို့နယ် ပဒါန်းကျေးရွာ အုပ်ချုပ်ရေးမှူးကိုယ်တိုင်ဦးဆောင်ပြီး ရွာလယ်ဓမ္မာရုံမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

paddy copyပဒါန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ရွှေက “အုပ်ချုပ်ရေးမှူတွေက ပြည်သူတင်တဲ့ အုပ်ချုပ်ရေးမှူး၊ ပြည်သူကို ဗဟိုပြုတဲ့ အုပ်ချုပ်ရေး မှူးဖြစ်တဲ့အတွက် ပြည်သူကို ပြန်ကြည့်ရတဲ့တာဝန် ကျနော်တို့ကျေးရွာ အုပ်ချုပ်ရေးမှူတွေရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မလွန် က-ပ-စ ၂ က သိမ်းယူထားတဲ့ လယ်ယာမြေများ သိမ်းယူထားတာဟာ ၁၉၉၄ ခုနှစ်ကနေ ယနေ့အထိပါ။ အဲကြောင့်မလို့ မလိုလားအပ်ပဲ လယ်ယာတွေကိုသိမ်းထားပြီးတော့ တောင်သူတွေမှာ ပုံစံ (၇) လည်းထုတ်လို့မရ၊ စိုက်ပျိုးချေးငွေလည်း ထုတ်လို့မရတဲ့အတွက် တောင်သူတွေမှာ လုပ်ကိုင်စားစရာကလည်းမရှိ တပ်ကသိမ်းထားတော့ ပြည်သူတင်တဲ့ အုပ်ချုပ်ရေးမှူးဖြစ်လို့ ပြည်သူကိုပြန်ကြည့်ရမှာ ဖြစ်တဲ့အတွက် အခုလို ကပစ ၂ က သိမ်းယူထားတဲ့ ယာတွေပြန်ရှိရေးအတွက် မီဒီယာတွေနဲ့တွေ့ဆုံရတာပါ” လို့ ပြောပါတယ်။

ပဒါန်းတိုက်နယ် အတွင်းမှာရှိတဲ့ ပဒါန်း၊ ရင့်ရှည်၊ စာတတ်ကူ၊ ဆုံကုန်း စတဲ့ ကျေးရွာ ၆ ရွာက လယ်ယာတွေကို ဇလွန်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂) က ၁၉၉၄ ခုနှစ်မှာ သိမ်းယူသွားခဲ့ပြီး တောင်သူတွေအနေနဲ့ မိမိတို့လယ်ယာတွေကို သီးထောက်ခ (ဆက်ကြေး) ပေးပြီး ၂၀၁၀ အထိ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရင်းရှည်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစန်းတင့်က “ကျနော်တို့မှာ နှမ်း ၁ တင်းလျှင် ဒီနေ့အထိ ပေါ်ပြီဆိုလို့ရှိရင် ၉၀၀၀ ဈေးပေါက်နေတယ်။ ဒီနေ့ ၉၀၀၀ ဈေးပေါက်တာကို အနောက်ပေါ်တဲ့အခါ ၉၀၀၀ ဈေးပေါက်ရင်သာ လက်ခံဖို့။ ၁ သောင်းဈေးဖြစ်ရင် ၁ သောင်းဈေးလိုက်ချေရဖို့၊ ၅၀၀၀ ဈေးဖြစ်ရင် ၉၀၀၀ ဈေးချေရဖို့တဲ့၊ ဒါ လူတွေကော ဟုတ်ပါတော့ရဲ့လား။ တကယ်တွက်ရရင် မင်းတို့ အဲလိုတော့မဖြစ်သင့်ဘူး။ အဲမှာ လူတွေဘာတွေဖြစ်လည်းဆိုတော့ လူတွေက စောင်တွေ ထုတ်ရောင်းရ။ နွားရှိတဲ့လူကတော့ နွားလေးထုတ်ရောင်းနိုင်သေးတာပေါ့ဗျာ။ မလွန်ကပစကို ပေးရဖို့ကို စောင်ရောင်းပြီးတော့ ပေးခဲ့ရတဲ့ ဘ၀တွေပါ သားသမီးကျောင်းထားဖို့ကို ဝေးလာဝေး။”

ယာသိမ်းခံရတဲ့ ပဒါန်းတိုက်နယ် ကျေးရွာသူ မခင်လှက “ကပစ ၂ က သိမ်းထားတဲ့ ကျမတို့ ဘိုးဘွားပိုင်မြေကြီးကို ကျမသမီးလေးကျောင်းထားဖို့ မရှိလို့ရောင်းတဲ့အတွက် ကျမတို့ လင်မယား ၂ ယောက်လုံးထောင်ကျခဲ့ပါတယ်။ ကျမယောက်ျားကတော့ ထောင်ထဲမှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ကျမကတော့ ပြန်လာခဲ့ပါတယ်။ ကျမသား ၃ နှစ်သားလေးကို ဖအေမအေမရှိဘဲ ပတ်ဝန်းကျင်က ထိန်းသိမ်းထားရပါတယ်” လို့ ပြောပါတယ်။

လယ်ယာသိမ်းဆီးခံတောင်သူတွေက မကွေးတိုင်းဒေသကြီး အစိုးရအပါအ၀င် သက်ဆိုင်ရာ အဆင့်ဆင့်ကို စာရးတင်ပြသွားမှာ ဖြစ်ပြီး စက်ပစ်ကွင်းနဲ့လွတ်တဲ့ လယ်တွေ ပြန်ပေးဖို့၊ သီးနှံလျော်ကြေး၊ မြေယာကြေးတွေကို ထိုက်ထိုက်တန်တန်ပေးဖို့ မျှော်လင့်နေကြတာပါ။ တစုံတရာဆောင်ရွက်မပေးရင် ဆန္ဒထုတ်ဖော်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013