DVB Logo
Home
မြန်မာသတင်း
နိုဝင်ဘာလအတွင်း စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၀ ကြိမ် ကျူးလွန်
DVB
·
December 16, 2025
နိုဝင်ဘာလအတွင်း စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၀ ကြိမ် ကျူးလွန်
Donate to DVB

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုက တရားလက်လွတ် သတ်ဖြတ်မှုပေါင်း ၁၀၀ ကို ကျူးလွန်ခဲ့ပြီး အဲဒီအထဲ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၀ ကြိမ်ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ လစဉ် ထုတ်ပြန်ချက်မှတ်တမ်းအရ သိရပါတယ်။ 

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၀ ကြိမ်ကြောင့် လူပေါင်း ၅၈  ယောက် သေဆုံးခဲ့ပြီး အဲဒီထဲ အသက် ၁၈ နှစ်အောက်ကလေးငယ် ၇ ယောက်အထိ ပါဝင်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ စစ်ကောင်စီအဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုစုစုပေါင်း ၅၁၂ မှုရှိခဲ့ပြီး ကိုယ်ပိုင်ပစ္စည်းတွေ ဖျက်ဆီးခံရတာက ၁၂၆ မှု ရှိခဲ့ကြောင်း၊ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုဝင်ဘာ တလတည်းမှာပဲ လူပေါင်း ၁၃၀ သေဆုံးခဲ့ရပြီး ၂၆၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တလတည်းမှာပဲ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၈၄ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကိုင်တိုင်းထဲမှာတော့ ၄၂ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ် ၂၀၂ လုံး၊  စာသင်ကျောင်း  ၁၃ ကျောင်း နဲ့ ဘာသာရေးအဆောက်အအုံ ၁၅ ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကျူးလွန်မှုမှာ ပါဝင်ပတ်သက်နေတဲ့ ကျူးလွန်သူတွေကို နိုင်ငံတကာစစ်ရာဇဝတ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူနိုင်ဖို့ သက်သေမှတ်တမ်းအဖြစ် ဆောင်ရွက်သွားမှာဖြစ်လို့ သက်သေအထောက်အထားတွေနဲ့အတူ မှတ်တမ်းရယူထားပြီး အရေးယူမှုတွေလုပ်နိုင်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013