DVB Logo
Home
အားကစား
စပါးအသင်းကို ပြန်လည်တည်ဆောက်ရန် အချိန်လိုအပ်ဟု နည်းပြသောမတ်စ်ဖရန့်ခ် ပြော
DVB
·
December 16, 2025
စပါးအသင်းကို ပြန်လည်တည်ဆောက်ရန် အချိန်လိုအပ်ဟု နည်းပြသောမတ်စ်ဖရန့်ခ် ပြော
Donate to DVB

စပါးအသင်းကို ပြည်လည်တည်ဆောက်ဖို့က အချိန်လိုအပ်ကြောင်း နည်းပြဖရန့်ခ်က ပြောသွား ပါတယ်။

ဂိုးသမားရဲ့ အမှားနဲ့အတူ နော်တင်ဟမ်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြ ဖရန့်ခ်က ပြောခဲ့တာဖြစ်ပြီး လုံလောက်တဲ့အချိန်မရရှိဘဲ အသင်းကို ပြောင်းလဲအောင်လုပ်ဆောင်လို့ မရနိုင်ကြောင်း ပြောပါတယ်။

အသင်းတသင်းကို ကိုင်တွယ်ရာမှာ ဘယ်နည်းပြကမှ အချိန်မပေးဘဲ အလှည့်အပြောင်း လုပ်ဆောင်နိုင်မှာ မဟုတ်ကြောင်း၊ အချိန်တခုမရဘဲ လျင်မြန်တဲ့ ပြုပြင်ပြောင်းလဲမှု မဖြစ်နိုင်ကြောင်း နည်းပြဖရန့်ခ်က ပြောပါတယ်။

အခုနှစ်ရာသီအစက ဘရန်ဖို့ဒ်ကနေ ပြောင်းရွှေ့လာတဲ့ ဒိန်းမတ်နည်းပြဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အပြီးမှာ ၆ ပွဲသာ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၆ မှတ်အကွာ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013