DVB Logo
Home
မြန်မာသတင်း
ပေါက်နှင့် မြိုင်အစပ်က ရေနံမှော်ကို စစ်တပ်က လေကြောင်း တိုက်ခိုက်
DVB
·
December 15, 2025
ပေါက်နှင့် မြိုင်အစပ်က ရေနံမှော်ကို စစ်တပ်က လေကြောင်း တိုက်ခိုက်
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်မှာရှိတဲ့ သပြေညို ရေနံမှော်ဒေသကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ ရက် တရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် လူသားစာနာအဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ ပေါက်နဲ့ မြိုင်အစပ်မှာရှိတဲ့ သပြေညို ရေနံမှော်ဒေသကို နမခထဲက တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးစီနဲ့ လေကြောင်းတိုက်ခိုက်မှု တရက်တည်း ၄ ကြိမ် ပြုလုပ်သွားခဲ့တာပါ။ ရေနံတွင်းလုပ်သားတွေ သေဆုံးမှုရှိတယ်လို့တော့ မသိရသေးဘူး။ ဒဏ်ရာရတဲ့တချို့တော့ ရှိတယ်။ အသေးစိတ်ကိုတော့ ဆက်ပြီးစုံစမ်းနေပါတယ်” လို့ ပြောပါတယ်​။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဆိုပါ သပြေညိုရေနံမှော်ဒေသကို ဒီဇင်ဘာ ၁၄ ရက် မနက် ၉ နာရီဝန်းကျင်မှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ပထမအကြိမ်၊ မနက် ၁၁ နာရီဝန်းကျင်မှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဒုတိယအကြိမ်၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ တတိယအကြိမ်၊ ညနေ ၄ နာရီဝန်းကျင်မှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ စတုတ္ထအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

မြိုင်မြို့နယ် အနောက်ပိုင်းမှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးတယောက်က “တော်လှန်ရေးအားကောင်းတဲ့ ကျနော်တို့ ဒီဘက်ဒေသတွေကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်နေတာ နေ့စဥ်ရက်ဆက် ဆိုသလိုပါပဲ။ လေယာဥ်သံ မကြားရတဲ့နေ့ရယ်လို့ မရှိပါဘူး။ နေ့ရော ညပါ နေ့တိုင်းလောက်နီးပါး လေကြောင်းတိုက်ခိုက်နေတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို အထူးပြုလုပ်ထားကြဖို့နဲ့ လေယာဥ်သံ ကြားရရင်လည်း ဗုံးခိုကျင်းတွေထဲကို ချက်ချင်းဝင်ရောက် ပုန်းခိုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

Photo: ပေါက်မြို့နယ်လူသားစာနာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013